အကယ္ဒမီ သ႐ုပ္ေဆာင္ ခန႔္စည္သူ ကေတာ့ အႏုပညာ ေလာကမွာ ပရိသတ္ေတြ ရဲ့ အားေပး ခ်စ္ခင္မႈေတြ နဲ႔ အတူ ဆယ္စု ႏွစ္ေတြ မက ေအာင္ျမင္မႈ ေတြရရွိထားသူပဲ ျဖစ္ပါတယ္။ပီျပင္တဲ့ ဇာတ္႐ုပ္ ေတြေၾကာင့္လည္း ပရိသတ္ေတြ ရဲ့ တစ္ခဲနက္ အားေပးမႈ ေတြ မ်ားစြာ ရရွိထားတဲ့ ကိုခန႔္ ကေတာ့ ဒီလိုကာလမွာလည္း တတ္နိုင္သေလာက္ အလႉေလး ေတြနဲ႔ ပါဝင္ေနသူ တစ္ေယာက္ပါ။

ကိုယ္က်ိဳး မၾကည့္ဘဲ လုပ္ေဆာင္ေနသူ တစ္ေယာက္ ျဖစ္တာေၾကာင့္ ပရိသတ္ေတြ ကေတာ့ ခ်စ္ခင္ အားက်ေနၾကတာပါ။ခုဆိုရင္လည္း ခန႔္စည္သူက ေန႔စဥ္တိုင္းလိုလို လိုအပ္တဲ့ ေနရာေတြကို အခက္အခဲ ေတြၾကားကေန ကိုယ္တိုင္ သြားေရာက္ကာ လႉဒါန္းေပးေန တာကိုလည္း ေလးစားစြာ ေတြ႕ျမင္ရပါတယ္။

အခုလည္း ဆီးခ်ိဳေၾကာင့္ ေျခႏွစ္ဖက္ လုံးျဖတ္လိုက္ရၿပီး က်န္းမာေရး မွာလည္း သိသိသာသာ ဆိုးရြားကာ အိပ္ရာထဲလဲေနတဲ့ ကာတြန္း ဒဲ့ဒိုး(ခ)ဇာတ္ပို႔သ႐ုပ္ေဆာင္ အဘဦးသက္ေဝ အတြက္ အစားအေသာက္ အပါအဝင္ လိုအပ္တဲ့ ပစၥည္းမ်ားနဲ႔ အလႉေငြ မ်ား သြားေရာက္ လႉဒါန္းျဖစ္ခဲ့ ေၾကာင္းေဖာ္ျပထားတာေတြ႕ရပါတယ္။

Yuan – Cele Zone
Photo – Kyaw Soe Win

UNICODE

အကယ်ဒမီ သရုပ်ဆောင် ခန့်စည်သူ ကတော့ အနုပညာ လောကမှာ ပရိသတ်တွေ ရဲ့ အားပေး ချစ်ခင်မှုတွေ နဲ့ အတူ ဆယ်စု နှစ်တွေ မက အောင်မြင်မှု တွေရရှိထားသူပဲ ဖြစ်ပါတယ်။ပီပြင်တဲ့ ဇာတ်ရုပ် တွေကြောင့်လည်း ပရိသတ်တွေ ရဲ့ တစ်ခဲနက် အားပေးမှု တွေ များစွာ ရရှိထားတဲ့ ကိုခန့် ကတော့ ဒီလိုကာလမှာလည်း တတ်နိုင်သလောက် အလှူလေး တွေနဲ့ ပါဝင်နေသူ တစ်ယောက်ပါ။

ကိုယ်ကျိုး မကြည့်ဘဲ လုပ်ဆောင်နေသူ တစ်ယောက် ဖြစ်တာကြောင့် ပရိသတ်တွေ ကတော့ ချစ်ခင် အားကျနေကြတာပါ။ခုဆိုရင်လည်း ခန့်စည်သူက နေ့စဉ်တိုင်းလိုလို လိုအပ်တဲ့ နေရာတွေကို အခက်အခဲ တွေကြားကနေ ကိုယ်တိုင် သွားရောက်ကာ လှူဒါန်းပေးနေ တာကိုလည်း လေးစားစွာ တွေ့မြင်ရပါတယ်။

အခုလည်း ဆီးချိုကြောင့် ခြေနှစ်ဖက် လုံးဖြတ်လိုက်ရပြီး ကျန်းမာရေး မှာလည်း သိသိသာသာ ဆိုးရွားကာ အိပ်ရာထဲလဲနေတဲ့ ကာတွန်း ဒဲ့ဒိုး(ခ)ဇာတ်ပို့သရုပ်ဆောင် အဘဦးသက်ဝေ အတွက် အစားအသောက် အပါအဝင် လိုအပ်တဲ့ ပစ္စည်းများနဲ့ အလှူငွေ များ သွားရောက် လှူဒါန်းဖြစ်ခဲ့ ကြောင်းဖော်ပြထားတာတွေ့ရပါတယ်။

Yuan – Cele Zone
Photo – Kyaw Soe Win