ခိုင်နှင်းဝေ ကတော့ အနုပညာ လောကမှာ နေရာတစ်ခုကို အခိုင်အမာ ရရှိထားရုံသာမကပဲ အများက လေးစားအချစ်ပိုနေရတဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမက လက်ရှိမှာတော့ အနုပညာ လှုပ်ရှားမှုတွေကို ရပ်နားထားပြီး ပရဟိတ လုပ်ငန်းတွေကိုသာ ဦးစီးလုပ်ကိုင်နေ တာဖြစ်ပါတယ်။

ပရဟိတအလုပ်တွေကို တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့အပြင် မိဘမဲ့ ဂေဟာကိုလည်း တည်ထောင်ထားကာ ကလေး ငယ်လေးတွေအတွက် ခိုကိုးရာအဖြစ် ရပ်တည်ပေးနေတာကြောင့် ပရိသတ်တွေ လေးစားချစ်ခင်နေရသူ တစ်ယောက်ပါ။

ဒါ့အပြင် လိုအပ်နေတဲ့ ပြည်သူ တွေအတွက်လည်းတတ်နိုင်သလောက် အမြဲဖေးမကူညီတတ်တဲ့ သူမကတော့ အခုလို အချိန်မှာလည်း အားလုံးနဲ့အတူ ရပ်တည်ကာ စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူ တွေအတွက် လှူဒါန်းမှုတွေကို ပြုလုပ်ပေးနေတာ လည်းဖြစ်ပါတယ်။ဒီနေ့လေး မှာတော့ မိခင်ဖြစ်သူရဲ့ မွေးနေ့အမှတ်တရအနေနဲ့ ကျိုက်မရော ဆရာတော်ကြီးဆီမှာ ဆွမ်း ၊ သင်္ကန်းနဲ့ ဝတ္တူ ငွေများကပ်လှူကာကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့ကြောင်းဖော်ပြထားပါတယ်။

အလှူလေးနဲ့ ပတ်သက်ပြီးလည်း ” ကျိုက်မရော ဆရာတော်ကြီးဆီမှာ အမေ့ မွေးနေ့ အလှူအဖြစ် ဆွမ်း၊ သင်္ကန်း၊ ဝတ္တူငွေ ကပ်လှူခဲ့ပါတယ်…ခုနှစ်ရက်သားသမီးများ အားလုံး ကပ်ရောဂါဆိုး ၊ ဒုက္ခဘေးရန် အပေါင်းမှ လွတ်ကင်းကြပါစေလို့ဆရာတော်ကြီးမှ ဆုတောင်း မေတ္တာ ပို့ပေးခဲ့ပါတယ်.ပြုလုပ်သမျှ ကုသိုလ်များ အားလုံးကို ထပ်တူ ကုသိုလ်ပွားများ သာဓုခေါ်ဆိုနိုင်ကြပါစေရှင်.”ရေးသားထားရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေးလိုက် ပါတယ်။

Credit – Cele Zone

Photo – Khine Hnin Wai

ZAW GYI

ခိုင္ႏွင္းေဝ ကေတာ့ အႏုပညာ ေလာကမွာ ေနရာတစ္ခုကို အခိုင္အမာ ရရွိထား႐ုံသာမကပဲ အမ်ားက ေလးစားအခ်စ္ပိုေနရတဲ့ မင္းသမီးတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူမက လက္ရွိမွာေတာ့ အႏုပညာ လႈပ္ရွားမႈေတြကို ရပ္နားထားၿပီး ပရဟိတ လုပ္ငန္းေတြကိုသာ ဦးစီးလုပ္ကိုင္ေန တာျဖစ္ပါတယ္။

ပရဟိတအလုပ္ေတြကို တစိုက္မတ္မတ္ လုပ္ေဆာင္ေနတဲ့အျပင္ မိဘမဲ့ ေဂဟာကိုလည္း တည္ေထာင္ထားကာ ကေလး ငယ္ေလးေတြအတြက္ ခိုကိုးရာအျဖစ္ ရပ္တည္ေပးေနတာေၾကာင့္ ပရိသတ္ေတြ ေလးစားခ်စ္ခင္ေနရသူ တစ္ေယာက္ပါ။

ဒါ့အျပင္ လိုအပ္ေနတဲ့ ျပည္သူ ေတြအတြက္လည္းတတ္နိုင္သေလာက္ အျမဲေဖးမကူညီတတ္တဲ့ သူမကေတာ့ အခုလို အခ်ိန္မွာလည္း အားလုံးနဲ႔အတူ ရပ္တည္ကာ စားဝတ္ေနေရး ခက္ခဲေနၾကတဲ့ ျပည္သူ ေတြအတြက္ လႉဒါန္းမႈေတြကို ျပဳလုပ္ေပးေနတာ လည္းျဖစ္ပါတယ္။ဒီေန႔ေလး မွာေတာ့ မိခင္ျဖစ္သူရဲ့ ေမြးေန႔အမွတ္တရအေနနဲ႔ က်ိဳက္မေရာ ဆရာေတာ္ႀကီးဆီမွာ ဆြမ္း ၊ သကၤန္းနဲ႔ ဝတၱဴ ေငြမ်ားကပ္လႉကာကုသိုလ္ေကာင္းမႈ ျပဳလုပ္ခဲ့ေၾကာင္းေဖာ္ျပထားပါတယ္။

အလႉေလးနဲ႔ ပတ္သက္ၿပီးလည္း ” က်ိဳက္မေရာ ဆရာေတာ္ႀကီးဆီမွာ အေမ့ ေမြးေန႔ အလႉအျဖစ္ ဆြမ္း၊ သကၤန္း၊ ဝတၱဴေငြ ကပ္လႉခဲ့ပါတယ္…ခုႏွစ္ရက္သားသမီးမ်ား အားလုံး ကပ္ေရာဂါဆိုး ၊ ဒုကၡေဘးရန္ အေပါင္းမွ လြတ္ကင္းၾကပါေစလို႔ဆရာေတာ္ႀကီးမွ ဆုေတာင္း ေမတၱာ ပို႔ေပးခဲ့ပါတယ္.ျပဳလုပ္သမၽွ ကုသိုလ္မ်ား အားလုံးကို ထပ္တူ ကုသိုလ္ပြားမ်ား သာဓုေခၚဆိုနိုင္ၾကပါေစရွင္.”ေရးသားထားရာ ပရိသတ္ႀကီးလည္း သာဓုေခၚနိုင္ေစရန္ ျပန္လည္ေဝမၽွေပးလိုက္ ပါတယ္။

Credit – Cele Zone

Photo – Khine Hnin Wai