အသံပါဝါ အား ေကာင္းေကာင္း နဲ႔ သီခ်င္းေတြ သီဆိုကာ ပရိသတ္ေတြ ရဲ့ အားေပးမႈ ေတြကို သိမ္းပိုက္ ရရွိထား သူကေတာ့ အဆိုေတာ္ ထူးအယ္လင္းပဲ ျဖစ္ပါတယ္။ သူက ေတာ့ ျပည္သူ ေတြရဲ့ လိုအပ္တဲ့ အရာေတြ ကို ျမန္မာနိုင္ငံ အႏွံ့ သြား ေရာက္ကာ လႉဒါန္းေနသူ တစ္ေယာက္ လည္း ျဖစ္ပါတယ္။ ကုသိုလ္ေရးတိုင္း လက္မေႏွးသူ ျဖစ္တာေၾကာင့္ လည္း ပရိသတ္ ေတြက အတုယူ ေလးစား ေနၾကရ တာပါ။

မေန႔ ကေတာ့ ထူးအယ္လင္း ရဲ့ လူမႈကြန္ယက္ စာမ်က္ႏွာ မွာ ဝမ္းနည္းစရာ သတင္းတစ္ခု ေဝမၽွ လာခဲ့တာပဲ ျဖစ္ပါတယ္။ ဒါကေတာ့ အိမ္ထဲမွာ ေနေန ရင္းနဲ႔ ဝမ္းဗိုက္ သို႔ က်ည္ဆံ ထိမွန္ သြားတာေၾကာင့္ ေဆးကုသမႈ ခံယူခဲ့ေပမယ့္ လည္း ညေနပိုင္း တြင္ ကြယ္လြန္ သြားခဲ့ တာ ကို ေရးသားထားတာပါ။ ခ်စ္ခင္ရတဲ့ မိတ္ေဆြ အေပါင္းအသင္း မ်ား နဲ႔ ဂီတ ေလာကမွ ညီအစ္ကို ေမာင္ႏွမ မ်ားကလည္း ထူးအယ္လင္း ရဲ့အစ္မ ကြယ္လြန္ သြားတဲ့ အတြက္ မိသားစု ႏွင့္ထပ္တူဝမ္းနည္းရေၾကာင္း Comment မ်ား ေရးသားထားၾကတာပဲ ျဖစ္ပါတယ္။

ဒီေန႔မွာ လည္း က်ည္ထိၿပီး ကြယ္လြန္ သြားခဲ့တဲ့ အစ္မ ျဖစ္သူအား ရည္စူးၿပီး သက္ေပ်ာက္ ဆြမ္းသြပ္ကာ အ မၽွေပးေဝ ခဲ့တာပဲ ျဖစ္ပါတယ္။ သူကလည္း ” ၂၇.၃.၂၀၂၁ စေနေန႔ ေန႔လည္ က်ည္ ထိၿပီး ညေနမွာ ကြယ္လြန္ သြားတဲ့ တနဂၤေႏြ သမီး အမ မဥမၼာရွိန္ အသက္ ၅၀ ႏွစ္ အားရည္စူး ၍ သက္ေပ်ာက္ ဆြမ္းႏွင့္သကၤန္း ဝတၳဴကပ္ အလႉကို ယေန႔ ၂၈.၃.၂၀၂၁ တနဂၤေႏြ ေန႔မနက္ ၁၀:၁၅ မွာ သံဃာ ငါးပါး အား ကပ္လႉျဖစ္တယ္။ ရက္လည္ အတြက္ကို လည္း ထပ္မံ ကုသိုလ္ျပဳပါမယ္။

ငါ့အစ္မ အသက္ ခႏၶာရွိစဥ္က တစ္နိုင္ ျပဳခဲ့တဲ့ ကုသိုလ္ အစုစု၊ သက္ရွိ ထင္ရွား မိခင္ ေမေမ ျပဳခဲ့တဲ့ ေကာင္းမႈအစုစု ၊ငါ ျပဳခဲ့တဲ့ ေကာင္းမႈ ကုသိုလ္ အစုစုတို႔ကို ေရာက္ရာ ဘုံဘဝ မွေန၍ ၾကားသိ သာဓုေခၚဆို ကုသိုလ္အမၽွ ရပါေစဗ်ာ🙏🙏🙏အမၽွ အမၽွ အမၽွရပါေစ 🙏သာဓု သာဓု သာဓု🙏🙏🙏” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြလည္း ၾကည့္ရႈ နိုင္ေစရန္ ဗီဒီယိုဖိုင္ ကိုပါ တစ္ဆင့္ ျပန္လည္ ကူးယူ တင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Source and Photo Crd-Htoo El Lynn’s Facebook Account

UNICODE

အသံပါဝါ အား ကောင်းကောင်း နဲ့ သီချင်းတွေ သီဆိုကာ ပရိသတ်တွေ ရဲ့ အားပေးမှု တွေကို သိမ်းပိုက် ရရှိထား သူကတော့ အဆိုတော် ထူးအယ်လင်းပဲ ဖြစ်ပါတယ်။ သူက တော့ ပြည်သူ တွေရဲ့ လိုအပ်တဲ့ အရာတွေ ကို မြန်မာနိုင်ငံ အနှံ့ သွား ရောက်ကာ လှူဒါန်းနေသူ တစ်ယောက် လည်း ဖြစ်ပါတယ်။ ကုသိုလ်ရေးတိုင်း လက်မနှေးသူ ဖြစ်တာကြောင့် လည်း ပရိသတ် တွေက အတုယူ လေးစား နေကြရ တာပါ။

မနေ့ ကတော့ ထူးအယ်လင်း ရဲ့ လူမှုကွန်ယက် စာမျက်နှာ မှာ ဝမ်းနည်းစရာ သတင်းတစ်ခု ဝေမျှ လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကတော့ အိမ်ထဲမှာ နေနေ ရင်းနဲ့ ဝမ်းဗိုက် သို့ ကျည်ဆံ ထိမှန် သွားတာကြောင့် ဆေးကုသမှု ခံယူခဲ့ပေမယ့် လည်း ညနေပိုင်း တွင် ကွယ်လွန် သွားခဲ့ တာ ကို ရေးသားထားတာပါ။ ချစ်ခင်ရတဲ့ မိတ်ဆွေ အပေါင်းအသင်း များ နဲ့ ဂီတ လောကမှ ညီအစ်ကို မောင်နှမ များကလည်း ထူးအယ်လင်း ရဲ့အစ်မ ကွယ်လွန် သွားတဲ့ အတွက် မိသားစု နှင့်ထပ်တူဝမ်းနည်းရကြောင်း Comment များ ရေးသားထားကြတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ လည်း ကျည်ထိပြီး ကွယ်လွန် သွားခဲ့တဲ့ အစ်မ ဖြစ်သူအား ရည်စူးပြီး သက်ပျောက် ဆွမ်းသွပ်ကာ အ မျှပေးဝေ ခဲ့တာပဲ ဖြစ်ပါတယ်။ သူကလည်း ” ၂၇.၃.၂၀၂၁ စနေနေ့ နေ့လည် ကျည် ထိပြီး ညနေမှာ ကွယ်လွန် သွားတဲ့ တနင်္ဂနွေ သမီး အမ မဥမ္မာရှိန် အသက် ၅၀ နှစ် အားရည်စူး ၍ သက်ပျောက် ဆွမ်းနှင့်သင်္ကန်း ဝတ္ထူကပ် အလှူကို ယနေ့ ၂၈.၃.၂၀၂၁ တနင်္ဂနွေ နေ့မနက် ၁၀:၁၅ မှာ သံဃာ ငါးပါး အား ကပ်လှူဖြစ်တယ်။ ရက်လည် အတွက်ကို လည်း ထပ်မံ ကုသိုလ်ပြုပါမယ်။

ငါ့အစ်မ အသက် ခန္ဓာရှိစဉ်က တစ်နိုင် ပြုခဲ့တဲ့ ကုသိုလ် အစုစု၊ သက်ရှိ ထင်ရှား မိခင် မေမေ ပြုခဲ့တဲ့ ကောင်းမှုအစုစု ၊ငါ ပြုခဲ့တဲ့ ကောင်းမှု ကုသိုလ် အစုစုတို့ကို ရောက်ရာ ဘုံဘဝ မှနေ၍ ကြားသိ သာဓုခေါ်ဆို ကုသိုလ်အမျှ ရပါစေဗျာ🙏🙏🙏အမျှ အမျှ အမျှရပါစေ 🙏သာဓု သာဓု သာဓု🙏🙏🙏” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှု နိုင်စေရန် ဗီဒီယိုဖိုင် ကိုပါ တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Htoo El Lynn’s Facebook Account