ပရိသတ်ကြီးရေ ညီထွဋ်ခေါင် ကတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ ညီထွဋ်ခေါင် ကတော့ မနေ့က ဇူလိုင်လ(၁၀)ရက်နေ့မှာ မွန်မြတ်လှတဲ့ ကောင်းမှုလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ကောင်းမှုတွေကိုတော့ မနေ့က ဇူလိုင်လ (၁၀)ရက်နေ့မှာ ကွယ်လွန်သွားတာ တစ်နှစ်ပြည့် သွားတဲ့ သူ့ရဲ့ ချစ်သူဖြစ်တဲ့ မေအတွက် ရည်စူးပြီးပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ချစ်သူလေးအတွက် ရည်စူးပြီး ဝါဆိုသင်္ကန်းကပ်အလှူ ဆွမ်းကပ်အလှူနဲ့ လူအယောက် (၂၀၀)စာအတွက် ထမင်းနဲ့ ဟင်း စတုဒီသာ အဟာရဒါနအလှူတွေကို ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေလည်း “၁ နှစ်ပြည့် သွားပြီ။ မနေ့ တနေ့ ကလိုပါပဲ…ရည်စူးကုသိုလ် ပြုပါတယ် မေ ရေ…လွမ်းတယ်..” ဆိုပြီး အပြီးတိုင်နှုတ်ဆက်ခွဲခွာသွားပြီ ဖြစ်တဲ့ ချစ်သူလေးကို လွမ်းဆွတ်စွာနဲ့ ကောင်းမှုတွေပြုလုပ်ပေးခဲ့ကြောင်း ရေးသားထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ညီထွဋ်ခေါင်ရဲ့ ချစ်သူအပေါ်သစ္စာရှိမှုကတော့ တကယ်ကို စံတင်လောက်ပါတယ်နော်။

Source – Nyi Htut Khaung
Credit – CeleZone

zawgyi

ပရိသတ္ႀကီးေရ ညီထြဋ္ေခါင္ ကေတာ့ သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ ပရိသတ္ေတြရဲ့ ခ်စ္ခင္အားေပးမႈကို အျပည့္အဝရရွိထားတဲ့ ပရိသတ္အခ်စ္ေတာ္တစ္ေယာက္ပဲျဖစ္ပါတယ္။ ညီထြဋ္ေခါင္ ကေတာ့ မေန႔က ဇူလိုင္လ(၁၀)ရက္ေန႔မွာ မြန္ျမတ္လွတဲ့ ေကာင္းမႈေလးတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။

ေကာင္းမႈေတြကိုေတာ့ မေန႔က ဇူလိုင္လ (၁၀)ရက္ေန႔မွာ ကြယ္လြန္သြားတာ တစ္ႏွစ္ျပည့္ သြားတဲ့ သူ႔ရဲ့ ခ်စ္သူျဖစ္တဲ့ ေမအတြက္ ရည္စူးၿပီးျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။ ခ်စ္သူေလးအတြက္ ရည္စူးၿပီး ဝါဆိုသကၤန္းကပ္အလႉ ဆြမ္းကပ္အလႉနဲ႔ လူအေယာက္ (၂၀၀)စာအတြက္ ထမင္းနဲ႔ ဟင္း စတုဒီသာ အဟာရဒါနအလႉေတြကို ျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။

သူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာကေနလည္း “၁ ႏွစ္ျပည့္ သြားၿပီ။ မေန႔ တေန႔ ကလိုပါပဲ…ရည္စူးကုသိုလ္ ျပဳပါတယ္ ေမ ေရ…လြမ္းတယ္..” ဆိုၿပီး အၿပီးတိုင္ႏႈတ္ဆက္ခြဲခြာသြားၿပီ ျဖစ္တဲ့ ခ်စ္သူေလးကို လြမ္းဆြတ္စြာနဲ႔ ေကာင္းမႈေတြျပဳလုပ္ေပးခဲ့ေၾကာင္း ေရးသားထားခဲ့ပါေသးတယ္။ ပရိသတ္ႀကီးေရ ညီထြဋ္ေခါင္ရဲ့ ခ်စ္သူအေပၚသစၥာရွိမႈကေတာ့ တကယ္ကို စံတင္ေလာက္ပါတယ္ေနာ္။

Source – Nyi Htut Khaung
Credit – CeleZone