


source : myanmar load

unicode

ပရိသတ်ကြီးတို့ရေ.. အနုပညာ လောကမှာ အောင်မြင်မှု တွေအခိုင်အမာရရှိထားသလို စိတ်သ ဘောထားပြည့်ဝတာလေး တွေကြောင့် ပရိသတ်တွေရဧ့လေးစားချစ်ခင်မှုတွေကို ရရှိထားသလို ကြည်နူး ပျော်စရာမိသားစု ဘဝလေးကို ပိုင်ဆိုင်ထား သူကတော့ စမိုင်းလ်ပဲ ဖြစ်ပါတယ်နော်..။စမိုင်းလ်ကတော့ လှူဒါန်းမှု တွေမှာ ရက်ရက်ရောရောလှူဒါန်းမှုတွေကြောင့် ပရိသတ် တွေကသဘောကျ နေကြသလို ဆယ်စုနှစ်တွေကတည်းက TV ကြော်ငြာတွေမှာ နေရာယူထားနိုင်ပြီး ဇာတ်ကားတွေလည်း ရိုက်ကူးထားသူပဲ ဖြစ်ပါတယ်..။

လက်ရှိမှာလည်း ကြုံတဲ့နေရာတိုင်းမှာ လှူဒါန်းကုသိုလ် ယူမှုတွေ ပြုလုပ်နေတဲ့ စမိုင်းလ်ဟာ ဒီကနေ့လေ းမှာ ကျရောက် လာတဲ့ ကွယ်လွန်သူမိခင်ကြီးအတွက် ရည်စူးကာ ကောင်းမှုကုသိုလ်လေးတွေကို သတိတရနဲ့ ပြုလုပ်ပေးခဲ့ပြန်ပါတယ်..။ကွယ်လွန်သွားတာ အ တော် ကြာပြီဖြစ်တဲ့ မိခင်ကြီးရဲ့မွေးနေ့လေးမှာ ရည်စူးကုသိုလ်တွေအဖြစ် သံဃာတော်တွေကို ဆွမ်းကပ်အလှူလေးတွေ ပြုလုပ်ခဲ့တဲ့အပြင် အလှူငွေတွေကိုလည်း လှူ ဒါန်းကာ မိခင်ကြီးအတွက် ကုသိုလ်အမျှလေးတွေ ပေး ဝေထား တာလည်း တွေ့ရပါတယ်နော်..။

“မေကြီးရှိသေးရင် အသက် ၆၉ပြည့်တဲ့နေ့😞ဒီနေ့ကျရောက်တဲ့အမေ ရဲ့မွေးနေ့မှာ သစ်တံခါး ကျောင်းသို့ထောပတ် ထမင်းကပ် လေးလေးဘုန်းဘုန်းကျောင်းသို့ နေ့ဆွမ်းထောပတ်ထ မင်းကပ် အလှူငွေ ၁ဝသိန်းကပ်လှူပူဇော်။ သမီးတို့ပြုတဲ့ကုသိုလ်တွေ အမေကြားပါသိပါစေ အမျှ အမျှ အမျှပါမေကြီးရေ 😞😞..”ဆိုပြီး အလှူလေးကို ဝေမျှထားတာပါ..။ကွယ်လွန်သွားတဲ့မိခင်ကြီးအတွက် ယနေ့အချိန်ထိ သတိတရနဲ့ ကောင်းမှုကုသိုလ်လေး တွေ ပြုလုပ် ကာကျေးဇူးဆပ်နေတဲ့ စမိုင်းလ်ရဲ့ စိတ်ထားလေးကို ပရိသတ်တွေကလည်း သဘောကျစွ ာနဲ့ ဆုတောင်း စကား လေးတွေလ် ပြောထားကြတာ တွေ့ရပါတယ်..။

source : myanmar load