ပရိသတ်ကြီး ရေ နဝရတ် ကတော့ တစ်ခေတ် တစ်ခါက အနုပညာ လောကမှာ နာမည်ကြီး မင်းသမီး တစ်ယောက်အနေ နဲ့ အောင်မြင်မှု့ တွေ များစွာ ရရှိခဲ့ပြီး လက်ရှိ မှာတော့ အနုပညာ အလုပ်တွေကို လုပ်ကိုင်ခြင်း မရှိတော့ပေမဲ့ လည်း ချစ်ခင် ကြတဲ့ ပရိသတ်တွေ ကတော့ ရှိနေ စဲပါ။ ပြီးခဲ့တဲ့ မေလ (၂၁)ရက်နေ့ကတော့ နဝရတ်ရဲ့ မိခင်ကြီးက ကွယ်လွန် သွားခဲ့တဲ့ စိတ်မကောင်းစရာ သတင်းလေးကို ပရိသတ်တွေလည်း ကြားလိုက်မယ် ထင်ပါတယ်နော်။

နဝရတ် ကတော့ မိခင်ကြီး ကို မကွယ်လွန် ခင်ကလည်း အနီးကပ် ပြုစုစောင့်ရှောက်ခဲ့တဲ့ အပြင် ကွယ်လွန် သွားချိန် မှာရော ဒီနေ့ တစ်လပြည့် တဲ့ နေ့လေးအထိပါ မိခင်ကြီး အတွက် ရည်ရွယ်ပြီး ကောင်းမှု့ ကုသိုလ်တွေကို ပြုလုပ် ပေးခဲ့တဲ့ မိခင်ကြီး အပေါ်မှာ တာဝန်ကျေ လွန်းလှတဲ့ သမီး လိမ္မာ လေးပါ။ ဒီနေ့ မိခင်ကြီးရဲ့ ကွယ်လွန်ခြင်း(၁) လပြည့်တဲ့ နေ့လေး မှာ လည်း ကောင်းမှု့ တွေပြုလုပ်ပြီး မိခင်ကြီး အတွက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့ သမျှကောင်းမှု့ တွေကို ကောင်းမွန်ရာ ဘုံဘဝကနေ သာဓု ခေါ်ဆိုဖို့ အမျှပေး ဝေထား ပါသေးတယ်။

မိခင် ဖြစ်သူကို လည်း လွမ်းဆွတ် တမ်းတနေပြီး မိခင်ကြီးအတွက် ကုသိုလ် ကောင်းမှု့ တွေကို မပြတ်တမ်း ပြုလုပ်နေတဲ့ နဝရတ် ရဲ့ မိခင် အပေါ် သိတတ် လိမ္မာမှု့ ကိုတော့ ပရိသတ် တွေက ချီးမကျူးဘဲ မနေနိုင်လောက် အောင်ကို ချီးကျူး နေခဲ့ကြပါတယ်။ ပရိသတ်ကြီးရေ သမီးဖြစ်သူ နဝရတ်ရဲ့ သိတတ်လိမ္မာမှုကြောင့် နဝရတ်ရဲ့မိခင်ကြီးကလည်း ကောင်းမွန်ရာ ကနေ ဝမ်းသာပီတိဖြစ်နေမှာပါ။ဖတ်ရှု့ပေးသူ တစ်ယောက်ချင်းစီ တိုင်းကိုလည်း အထူးကျေးဇူး တင်ရှိပါတယ်။

Source – Nawaratt KO KO

ZAWGYI




Source – Nawaratt KO KO