ဂီတလောကရဲ့ ကြယ်တစ်ပွင့်ဖြစ်တဲ့ အဆိုတော် ရေမွန်ဟာ လူ့လောက ထဲကနေ ရုတ်တရက် ထွက်ခွာသွားခဲ့တာ ဆိုရင် ဒီကနေ့မှာ တစ်နှစ်တိတိပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ ဂီတလောကမှာ အောင်မြင်မှုတွေရရှိပြီးမှ ကွယ်လွန်သွားရှာခဲ့တဲ့ အဆိုတော် ရေမွန်ကို ချစ်တဲ့ ပရိသတ်တွေနဲ့ အနုပညာမောင်နုမတွေက ယနေ့အချိန်ထိ သတိရနေဆဲပါ။

ရေမွန် မရှိတော့ပေမယ့်လည်း သူဖန်တီးခဲ့တဲ့ တေးသီချင်းကောင်း များကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ ထင်ကျန်ရစ်ခဲ့ပါတယ်။ မိခင်ဖြစ်သူ ဒေါ်ခင်မြတ်မွန်ကလည်း ချစ်ရတဲ့သားဖြစ်သူကို သူမဘဝထဲ ကနေ လက်လွှတ်ဆုံးရှုံးခဲ့ရတာကြောင့် ယနေ့အချိန် ယူကျုံးမရ ဖြစ်ပြီး အမှတ်တရလေးတွေ မကြာခဏ ဖော်ပြပေးတာ တွေ့ရပါတယ်။

ဒီကနေ့မှာတော့ သားဖြစ်သူ ရေမွန်ရဲ့ ကွယ်လွန်ခြင်း တစ်နှစ်ပြည့်တဲ့ နေ့မှာ သူမ ခန္ဓာကိုယ်ပေါ်မှာ အမှတ်တရ ထပ်မံရေးထိုးထားတဲ့ တက်တူးလေးတွေကို ဖော်ပြလာတာ တွေ့ရပါတယ်။ တက်တူးလေးတွေကတော့ ရေမွန် ကလေးဘဝတုန်းက ရိုက်ထားတဲ့ အမှတ်တရ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ သားဖြစ်သူ ငယ်ဘဝက ပုံရိပ်လေးတွေကို သေရာပါအောင် ရေးမှတ်ထားတဲ့ မိခင်ကြီးရဲ့ မေတ္တာတရား နှင့် အချစ်သံယောဇဉ်ကြီးမား ပုံကတော့ မျက်ရည်ကျမတက် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ပရ်သတ်တွေကလည်း ဒီကနေ့မှာ ကွယ်လွန်ခြင်း တစ်နှစ်တောင်ပြည့်သွားပြီဲ ဖြစ်တဲ့ ရေမွန်မတွက် ဆုတောင်းစကားလေးတွေ ဖွင့်ဟခဲ့ပါဦး။

Photo Credit – Khin Myat Mon

zawgyi

ဂီတေလာကရဲ့ ၾကယ္တစ္ပြင့္ျဖစ္တဲ့ အဆိုေတာ္ ေရမြန္ဟာ လူ႔ေလာက ထဲကေန ႐ုတ္တရက္ ထြက္ခြာသြားခဲ့တာ ဆိုရင္ ဒီကေန႔မွာ တစ္ႏွစ္တိတိျပည့္သြားခဲ့ၿပီျဖစ္ပါတယ္။ ဂီတေလာကမွာ ေအာင္ျမင္မႈေတြရရွိၿပီးမွ ကြယ္လြန္သြားရွာခဲ့တဲ့ အဆိုေတာ္ ေရမြန္ကို ခ်စ္တဲ့ ပရိသတ္ေတြနဲ႔ အႏုပညာေမာင္ႏုမေတြက ယေန႔အခ်ိန္ထိ သတိရေနဆဲပါ။

ေရမြန္ မရွိေတာ့ေပမယ့္လည္း သူဖန္တီးခဲ့တဲ့ ေတးသီခ်င္းေကာင္း မ်ားကေတာ့ ပရိသတ္ေတြရဲ့ ရင္ထဲမွာ ထင္က်န္ရစ္ခဲ့ပါတယ္။ မိခင္ျဖစ္သူ ေဒၚခင္ျမတ္မြန္ကလည္း ခ်စ္ရတဲ့သားျဖစ္သူကို သူမဘဝထဲ ကေန လက္လႊတ္ဆုံးရႈံးခဲ့ရတာေၾကာင့္ ယေန႔အခ်ိန္ ယူက်ဳံးမရ ျဖစ္ၿပီး အမွတ္တရေလးေတြ မၾကာခဏ ေဖာ္ျပေပးတာ ေတြ႕ရပါတယ္။

ဒီကေန႔မွာေတာ့ သားျဖစ္သူ ေရမြန္ရဲ့ ကြယ္လြန္ျခင္း တစ္ႏွစ္ျပည့္တဲ့ ေန႔မွာ သူမ ခႏၶာကိုယ္ေပၚမွာ အမွတ္တရ ထပ္မံေရးထိုးထားတဲ့ တက္တူးေလးေတြကို ေဖာ္ျပလာတာ ေတြ႕ရပါတယ္။ တက္တူးေလးေတြကေတာ့ ေရမြန္ ကေလးဘဝတုန္းက ရိုက္ထားတဲ့ အမွတ္တရ ပုံရိပ္ေလးေတြပဲ ျဖစ္ပါတယ္။ သားျဖစ္သူ ငယ္ဘဝက ပုံရိပ္ေလးေတြကို ေသရာပါေအာင္ ေရးမွတ္ထားတဲ့ မိခင္ႀကီးရဲ့ ေမတၱာတရား ႏွင့္ အခ်စ္သံေယာဇဥ္ႀကီးမား ပုံကေတာ့ မ်က္ရည္က်မတက္ စိတ္မေကာင္းျဖစ္ခဲ့ရပါတယ္။ ပရ္သတ္ေတြကလည္း ဒီကေန႔မွာ ကြယ္လြန္ျခင္း တစ္ႏွစ္ေတာင္ျပည့္သြားၿပီဲ ျဖစ္တဲ့ ေရမြန္မတြက္ ဆုေတာင္းစကားေလးေတြ ဖြင့္ဟခဲ့ပါဦး။

Photo Credit – Khin Myat Mon