



unicode

ပရိသတ်ကြီးရေ.. အနုပညာ လောကမှာ ပရိသတ်အခိုင် အမာနဲ့ အောင်မြင်မှု တွေများစွာရရှိထားကြတဲ့ အနုပညာ ရှင်မောင်နှမတွေ ထဲမှာ ချစ်စရာကောင်းကြတဲ့ မင်းသမီးချောလေး ချောရတနာ နဲ့ မော်လ်ဒယ် မင်းသမီးချောလေး သန္တာဗိုလ် တို့ကလည်း အပါအဝင်ပါပဲ..။ပရိသတ်ကိုယ်စီ နဲ့ အနုပညာလမ်းကြောင်းမှာလျှောက်လှမ်းနေကြတဲ့ သူမတို့ညီအစ်မ နှစ်ယောက်ဟာ တစ်ယောက်တစ်မျိုး အလှတွေနဲ့လည်း ဖမ်းစားတတ်ကြပြီး ဆွဲဆောင်မှုရှိတဲ့ပုံရိပ်လေးတွေနဲ့ အချစ်ပိုစေကြတာ တွေ့ရပါတယ်..။

ချောရတနာကတော့ သားသားမီးမီးလေး တွေနဲ့အတူ ကြည်နူးအား ကျစရာမိသားစုဘဝလေး ကို ပိုင်ဆိုင်ထားသလို ညီမဖြစ်သူသန္တာဗိုလ်ကလည်း မင်းသားချောလေးကောင်းပြည့်နဲ့အတူ အားကျစရာအချစ်ရေးလေးကို ဖြတ်သန်းနေကြတာဖြစ်ပြီး အနုပညာ အလုပ်တွေကိုလည်း ကိုယ်စီ လုပ်ဆောင်နေကြတာပါ..။အခုလို ကိုဗစ်ကာလမှာအနုပညာအလုပ် တွေနည်းပါးနေပေမယ့် ချစ်စရာ ကောင်းပြီး ပျော်စရာကောင်းတဲ့လှုပ်ရှားမှုလေးတွေကို အလွမ်းပြေ လေးအမြဲဝေမျှတတ်ကြသလို ကွယ်လွန်သွားတဲ့မိခင်ဖြစ်သူအတွက်လည်း ဂည်စူးကုသိုလ်လေးတွေ ပြုလုပ်ခဲ့ကြတာ တွေ့ရပါတယ်နော်..။

အလှူအတန်းတွေကို မကြာခဏ ပြုလုပ်လေ့ရှိပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ(၇)ရက်နေ့ကလည်း ကွယ်လွန်သူ မိခင်ကြီးရဲ့(၉)လပြည့်လေးမှာ ရည်စူးကုသိုလ်အဖြစ် ညီအစ်မနှစ်ယောက်အတူ သံဃာတော်တွေကို အလှူလေးတွေ ပြုလုပ်ပေးခဲ့ကြတာ ဖြစ်ပါတယ်နော်..။မိခင်ကြီးကို လွမ်းဆွတ်သတိ ရမှုလေးတွေနဲ့အတူ ကောင်းမှုကုသိုလ် လေးတွေသတိတရနဲ့ ပြုလုပ် ပေးနေကြတဲ့ ချောနဲ့သန္တာဗိုလ်တို့ ညီအစ်မ နှစ်ယောက်ရဲ့ သာဓုခေါ်စရာဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေကို တင်ဆင်ပေးလိုက်ပါတယ်နော်..။

သတင်းအရင်းမြစ်: Chaw Yadanar’s Fb Acc & Thandar Bo’s Fb Acc