အိမ္နီးခ်င္း နိုင္ငံတစ္ခု ျဖစ္တဲ့ ထိုင္းမွာ စတင္ၿပီးနာမည္ရခဲ့တဲ့ ပိုင္တံခြန္ ဟာ သာသနာ့ ေဘာင္ ဝင္ခဲ့ စဥ္က ရိုက္ကူးခဲ့တဲ့ ၾကည္ညိဳဖြယ္ ပုံရိပ္ေတြ ကို သူ႔ရဲ့လူမႈကြန္ရက္မွာ တင္လိုက္ ရာကေန တ႐ုတ္နိုင္ငံ နဲ႔ တျခား အာရွနိုင္ငံေတြ အထိပါလူသိ မ်ားသြားခဲ့ပါတယ္။ ေယာက်ာ္း ပီသတဲ့ အသြင္ အျပင္ နဲ႔ စြဲမက္ဖြယ္ခႏၶာကိုယ္ အခ်ိဳးအစား တို႔ဟာ ပ်ိဳပ်ိဳေမ တို႔ရဲ့ အသည္းစိုင္ ကို ဆြဲကိုင္ လႈပ္နိုင္ခဲ့ပါတယ္။

ျမန္မာအမ်ိဳးသမီးေတြ ရဲ့ အားေပးေထာက္ခံမႈေတြ သာမက အာရွနိုင္ငံ အ မ်ိဳးသမီးေတြ အျပင္ အေနာက္နိုင္ငံ က အမ်ိဳးသမီးေတြ ၾကား မွာပါ ရံဖန္ရံခါ ေရပန္းစားခဲ့ ပါေသးတယ္။ ဘယ္လိုပဲ တျခားနိုင္ငံေတြ မွာေအာင္ျမင္ေနပါေစ သူ႔ရဲ့ စတင္မႈဟာ ျမန္မာနိုင္ငံ မွာ ျဖစ္တာမို႔ လက္ရွိေအာင္ျမင္ မႈဟာလည္း ျမန္မာပရိသတ္ေတြ နဲ႔ တိုက္ရိုက္ အခ်ိဳးက်တယ္လို႔လည္း ဆိုပါတယ္။ မိသားစုကလည္း ခ်စ္ရတဲ့သားေလး ရဲ့ ေအာင္ျမင္မႈအတြက္ ဝမ္းသာပီတိေတြ ျဖစ္ေနခဲ့ပါတယ္။

မိဘ ေက်းဇူးဆပ္ခ်င္လို႔ သာသနာ့ေဘာင္ ဝင္ခဲ့ရာကေန ေစတနာ အက်ိဳးေပးေကာင္းလြန္း လို႔ အာရွနိုင္ငံ ေတြအထိပါ ထိုးေဖာက္ ေအာင္ျမင္ နိုင္ခဲ့တဲ့ ပိုင္တံခြန္ရဲ့ေအာင္ျမင္မႈ ကေတာ့ တကယ့္ကို အံ့မခန္းပါပဲ။ ကိုယ္ပိုင္ စတိုင္ကေတာ့ ဆံပင္တိုတာ ရွည္တာမဟုတ္ဘဲ ခ်စ္တတ္တာ လို႔လည္း အရႊန္း ေဖာက္ခဲ့ပါေသးတယ္။ ေအာင္ျမင္မႈေတြ အတိုင္းအဆမရွိ တိုးတက္ပါေစ ပိုင္တံခြန္ေရ။

Happy – Cele Zone
Source – Cele Gabar
Photo – Paing Takhon

UNICODE

အိမ်နီးချင်း နိုင်ငံတစ်ခု ဖြစ်တဲ့ ထိုင်းမှာ စတင်ပြီးနာမည်ရခဲ့တဲ့ ပိုင်တံခွန် ဟာ သာသနာ့ ဘောင် ဝင်ခဲ့ စဉ်က ရိုက်ကူးခဲ့တဲ့ ကြည်ညိုဖွယ် ပုံရိပ်တွေ ကို သူ့ရဲ့လူမှုကွန်ရက်မှာ တင်လိုက် ရာကနေ တရုတ်နိုင်ငံ နဲ့ တခြား အာရှနိုင်ငံတွေ အထိပါလူသိ များသွားခဲ့ပါတယ်။ ယောကျာ်း ပီသတဲ့ အသွင် အပြင် နဲ့ စွဲမက်ဖွယ်ခန္ဓာကိုယ် အချိုးအစား တို့ဟာ ပျိုပျိုမေ တို့ရဲ့ အသည်းစိုင် ကို ဆွဲကိုင် လှုပ်နိုင်ခဲ့ပါတယ်။

မြန်မာအမျိုးသမီးတွေ ရဲ့ အားပေးထောက်ခံမှုတွေ သာမက အာရှနိုင်ငံ အ မျိုးသမီးတွေ အပြင် အနောက်နိုင်ငံ က အမျိုးသမီးတွေ ကြား မှာပါ ရံဖန်ရံခါ ရေပန်းစားခဲ့ ပါသေးတယ်။ ဘယ်လိုပဲ တခြားနိုင်ငံတွေ မှာအောင်မြင်နေပါစေ သူ့ရဲ့ စတင်မှုဟာ မြန်မာနိုင်ငံ မှာ ဖြစ်တာမို့ လက်ရှိအောင်မြင် မှုဟာလည်း မြန်မာပရိသတ်တွေ နဲ့ တိုက်ရိုက် အချိုးကျတယ်လို့လည်း ဆိုပါတယ်။ မိသားစုကလည်း ချစ်ရတဲ့သားလေး ရဲ့ အောင်မြင်မှုအတွက် ဝမ်းသာပီတိတွေ ဖြစ်နေခဲ့ပါတယ်။

မိဘ ကျေးဇူးဆပ်ချင်လို့ သာသနာ့ဘောင် ဝင်ခဲ့ရာကနေ စေတနာ အကျိုးပေးကောင်းလွန်း လို့ အာရှနိုင်ငံ တွေအထိပါ ထိုးဖောက် အောင်မြင် နိုင်ခဲ့တဲ့ ပိုင်တံခွန်ရဲ့အောင်မြင်မှု ကတော့ တကယ့်ကို အံ့မခန်းပါပဲ။ ကိုယ်ပိုင် စတိုင်ကတော့ ဆံပင်တိုတာ ရှည်တာမဟုတ်ဘဲ ချစ်တတ်တာ လို့လည်း အရွှန်း ဖောက်ခဲ့ပါသေးတယ်။ အောင်မြင်မှုတွေ အတိုင်းအဆမရှိ တိုးတက်ပါစေ ပိုင်တံခွန်ရေ။

Happy – Cele Zone
Source – Cele Gabar
Photo – Paing Takhon