



unicode

ချစ်ပရိသတ်ကြီးရေ မမြတ်လေးလို့ အားလုံးက ချစ်စနိုး ခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချေ ာအေးမြတ်သူကတော့ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ဟန်ပန် အပြောအဆိုလေးတွေနဲ့ ဟန်ဆောင် မှုကင်းတဲ့ နေထိုင်ပုံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပို ရတဲ့သူလေးပါ။ ဒါ့ပြင်သူမရဲ့ ကျော့ရှင်းလှတဲ့အလှတရားလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်လေးဟာလည်း ပရိသတ်တွေကို ကြွေစေခဲ့တာ အမှန်ပါပဲ။

ကျစ်လစ်သွယ်လျတဲ့ ခန္ဓာကိုယ်လေး ကို ပိုင်ဆိုင်ထားတာကြောင့် မမြတ်လေးက ဘာဝတ်ဝတ် အမြဲထင်ပေါ် လှပနေတာလည်း ဖြစ်ပါတယ်။သူမပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးနဲ့ အပီပြင် ဆုံးသရုပ်ဆောင်နိုင်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်ကားတွေကိုပါ ရိုက်ကူးခဲ့တဲ့ သူမကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ မင်းသမီးချောလေးပါပဲနော်။

လတ်တလောမှာတော့ မမြတ်လေးက ခရီးတွေ ထွက်နေတာပဲဖြစ်ပါတယ်။ အခုလည်း ခက်ခက်ခဲခဲ နဲ့သွားရောက်ခဲ့တဲ့ ခရီးစဉ်တစ်လျှောက်အမှတ်တရပုံလေးတွေကို ပရိသတ်တွေကြည့်ရှုနိုင်စေရန် ဝေမျှ လာတာဖြစ်ပါတယ်။ ပုံလေးတွေနဲ့အတူ “…..ဒီရက်ပိုင်း….. ပျောက်နေရခြင်း ​​၏အကြောင်းအရင်း …” ဆိုတဲ့စာလေးကိုဖော်ပြထားရာ ပုံတိုင်းက မိမိုက်နေတာကြောင့် ပရိသတ်ကြီးအတွက်ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Source : Aye Myat Thu Facebook Page