ခုလိုအကျပ်အတည်း ကာလတွေမှာ ကိုယ်တတ်နိုင်တဲ့ ဖက်ကနေ ချို့တဲ့ သူတွေကို ကူညီပေးကြတဲ့ စိတ်ထားမြင့်မြတ်သူတို့ရဲ့ အဖြူရောင်စေတနာတွေဟာ မြင်သူတိုင်းအတွက်တော့ ပီတိဖြစ်စရာတွေချည်းပါပဲ။ အနုပညာရှင် တစ်ချို့ဟာလည်း ကိုယ်တိုင် အလုပ်မလုပ်ရတာတောင် ထမင်းရှင်ပရိသတ်တွေ အတွက် ရသလောက်အကူအညီတွေကို အစွမ်းကုန်ပေးပြီး ကူညီခဲ့ကြပါတယ်။

ဒီနေ့မှာလည်း နွေးနွေးချစ်ဖွယ်တစ်ယောက် အခက်အခဲ ဖြစ်နေတဲ့ ဈေးရောင်းချသူတွေအတွက် သူမရဲ့လူမှုကွန်ယက်ကနေတဆင့် (၁၀) ရက်တိတိ ကြော်ငြာပေးမယ့်အကြောင်း ပြောပြလာခဲ့ပါတယ်။ ဒီလိုကူညီတာဟာလည်း စေတနာသီးသန့်ဖြစ်ပြီး ငွေကြေးမယူဘဲ အဆင်ပြေစေချင်တဲ့စိတ်နဲ့ ကူညီပေးတာ ဖြစ်ကြောင်းလည်း ပြောခဲ့ပါသေးတယ်။

ဒီအကြောင်းကို ” 1.5.2021 ဒီလို ခက်ခဲ နေချိန် သင် တို့ရဲ့ လူသုံးကုန် ပစ္စည်းအစားအသောက် များအား ဆိုင်အကုန် (၁၀) ရက်တိတိ နွေးနွေးချစ်ဖွယ် Fb Wall ပေါ်တွင် ငွေကြေး တစ်ပြားတချပ်မယူဘဲ မေတ္တာဖြင့် ကြောငြာပေးမည် ဒီကာလမှာ ရောင်းပန်းသာ၍ ဝယ်ပန်းလှစေပြီး မိဘပြည်သူများ အဆင်ပြေစေခြင်း အကျိုးငှာ မေတ္တာရှေ့ထား၍ ကူညီနိုင် တာလေး ကူညီခြင်းသာဖြစ်သည် Nway Nway Chit Phwel FB အကောင့်အား သင်တို့ကို (10) ရက် free အသုံးပြုခွင့်ပေးပါမည် Messenger မှာပေးပို့နိုင်ပါသည် (နွေးရဲ့ မန်နေဂျာနှင့် မင်မင် စီစဉ်ပြီးတင်ပေးပါလိမ့်မည်) စေတနာမှန် က အကျိုးပေးသန်ပါစေ ” ဆိုပြီး ဖော်ပြလာခဲ့ပါတယ်။ စိတ်ထားလှတဲ့နွေး ဒီထက်ပိုပြီး အောင်မြင်ပါစေ။

Photo Credit – Nway Nway Chit Phwel’s Fb Acc

ZAW GYI

ခုလိုအက်ပ္အတည္း ကာလေတြမွာ ကိုယ္တတ္နိုင္တဲ့ ဖက္ကေန ခ်ိဳ႕တဲ့ သူေတြကို ကူညီေပးၾကတဲ့ စိတ္ထားျမင့္ျမတ္သူတို႔ရဲ့ အျဖဴေရာင္ေစတနာေတြဟာ ျမင္သူတိုင္းအတြက္ေတာ့ ပီတိျဖစ္စရာေတြခ်ည္းပါပဲ။ အႏုပညာရွင္ တစ္ခ်ိဳ႕ဟာလည္း ကိုယ္တိုင္ အလုပ္မလုပ္ရတာေတာင္ ထမင္းရွင္ပရိသတ္ေတြ အတြက္ ရသေလာက္အကူအညီေတြကို အစြမ္းကုန္ေပးၿပီး ကူညီခဲ့ၾကပါတယ္။

ဒီေန႔မွာလည္း ေႏြးေႏြးခ်စ္ဖြယ္တစ္ေယာက္ အခက္အခဲ ျဖစ္ေနတဲ့ ေဈးေရာင္းခ်သူေတြအတြက္ သူမရဲ့လူမႈကြန္ယက္ကေနတဆင့္ (၁၀) ရက္တိတိ ေၾကာ္ျငာေပးမယ့္အေၾကာင္း ေျပာျပလာခဲ့ပါတယ္။ ဒီလိုကူညီတာဟာလည္း ေစတနာသီးသန႔္ျဖစ္ၿပီး ေငြေၾကးမယူဘဲ အဆင္ေျပေစခ်င္တဲ့စိတ္နဲ႔ ကူညီေပးတာ ျဖစ္ေၾကာင္းလည္း ေျပာခဲ့ပါေသးတယ္။

ဒီအေၾကာင္းကို ” 1.5.2021 ဒီလို ခက္ခဲ ေနခ်ိန္ သင္ တို႔ရဲ့ လူသုံးကုန္ ပစၥည္းအစားအေသာက္ မ်ားအား ဆိုင္အကုန္ (၁၀) ရက္တိတိ ေႏြးေႏြးခ်စ္ဖြယ္ Fb Wall ေပၚတြင္ ေငြေၾကး တစ္ျပားတခ်ပ္မယူဘဲ ေမတၱာျဖင့္ ေၾကာျငာေပးမည္ ဒီကာလမွာ ေရာင္းပန္းသာ၍ ဝယ္ပန္းလွေစၿပီး မိဘျပည္သူမ်ား အဆင္ေျပေစျခင္း အက်ိဳးငွာ ေမတၱာေရွ႕ထား၍ ကူညီနိုင္ တာေလး ကူညီျခင္းသာျဖစ္သည္ Nway Nway Chit Phwel FB အေကာင့္အား သင္တို႔ကို (10) ရက္ free အသုံးျပဳခြင့္ေပးပါမည္ Messenger မွာေပးပို႔နိုင္ပါသည္ (ေႏြးရဲ့ မန္ေနဂ်ာႏွင့္ မင္မင္ စီစဥ္ၿပီးတင္ေပးပါလိမ့္မည္) ေစတနာမွန္ က အက်ိဳးေပးသန္ပါေစ ” ဆိုၿပီး ေဖာ္ျပလာခဲ့ပါတယ္။ စိတ္ထားလွတဲ့ေႏြး ဒီထက္ပိုၿပီး ေအာင္ျမင္ပါေစ။

Photo Credit – Nway Nway Chit Phwel’s Fb Acc