အဆိုေတာ္ ခ်မ္းခ်မ္းက ေတာ့ အႏုပညာေလာကမွာ ဒိတ္ဒိတ္ၾကဲ ေအာင္ျမင္မႈေတြရ ရွိထားတဲ့ သူတစ္​ေယာက္ျဖစ္ၿပီး ပရိသတ္အားေပးမႈကိုလည္း မ်ားစြာရရွိထားတာျဖစ္ပါတယ္။ ဆယ္စုႏွစ္တစ္ခုၾကာ အႏုပညာ အလုပ္ေတြကို ႀကိဳးစားလုပ္ကိုင္ခဲ့တဲ့ သူမက အခ်စ္သီခ်င္းေတြသာမကပဲ အသည္းကြဲသီခ်င္းေတြကိုလည္း စိတ္ခံစားခ်က္အျပည့္နဲ႔ သီဆိုေလ့ရွိသူပါ။ ဒါ့အျပင္ သူမရဲ့ ထြက္ရွိတဲ့ သီခ်င္းတိုင္း ကလည္း ပရိသတ္ေတြအႀကိဳက္နဲ႔ထက္တူက်တာျဖစ္လို႔ ျမန္မာနိုင္ငံရဲ့ ထိပ္တန္းအဆိုေတာ္တစ္ေယာက္ျဖစ္လို႔ ေနပါတယ္။

ခ်မ္းခ်မ္းက သူမရဲ့ လူေနမႈ႔ဘဝကို ပရိသတ္ ေတြထံ အျမဲပြင့္ပြင့္လင္းလင္းခ်ျပေလ့ရွိတာျဖစ္ၿပီး မၾကာေသးတဲ့ အခ်ိန္ကာလ တစ္ခုကလည္း ဒုတိယေျမာက္ကိုယ္ဝန္လြယ္ထားရေၾကာင္း ဖြင့္ဟလာခဲ့တာျဖစ္ပါတယ္။ ခ်မ္းခ်မ္းက မိခင္စိတ္အျပည့္ ရွိသူျဖစ္လို႔ ကိုယ္ဝန္လြယ္ထားရခ်ိန္မွာ ဂ႐ုတစိုက္နဲ႔ ရင္ေသြးေလးအတြက္ အေကာင္းဆုံးဆိုတာေတြကိုပဲ ဖန္တီးေပးေလ့ရွိတာျဖစ္ပါတယ္။

ယခုလက္ရွိမွာလည္း ခ်မ္းခ်မ္းက သူမရဲ့ ခင္ပြန္းသည္ ရွိရာ အီတလီနိုင္ငံကို သြားေရာက္ေနခဲ့တာျဖစ္ပါတယ္။ ကိုယ္ဝန္လြယ္ထား ရေပမယ့္လည္း စိတ္ဓာတ္ခိုင္မာတဲ့ ခ်မ္းခ်မ္းက တစ္ေယာက္တည္း ေလယာဥ္စီးကာ ျမန္မာနိုင္ငံမွ ထြက္ခြာလာခဲ့တာျဖစ္ပါတယ္။ ေလယာဥ္ရပ္နားရာ ခရီးတဝက္ေရာက္ခ်ိန္မွာေတာ့ ” First transit in Korea ..incheon airport!!! I feel healthy and fine!!15 hours transit time in Korea…..taking a rest and look around the shopping mall inside the airport. Miss my home ” ဆိုၿပီး သူမရဲ့ ပုံေလးေတြ နဲ႔အတူ တင္ေပးလာတာေၾကာင့္ ခ်စ္ပရိသတ္ေတြ သိရွိေစဖို႔အတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။ ပရိသတ္ေတြကလည္း ခ်မ္းခ်မ္းရဲ့ ခရီးလမ္းအဆင္ ေျပေခ်ာေမြ႕ေစဖို႔အတြက္ ေကာမန႔္မွာ ဆုေတာင္းေပးခဲ့ၾကပါအုန္းေနာ္။

သတင္းအရင္းျမစ္: Source – Chan Chan’s Facebook Account

unicode

အဆိုတော် ချမ်းချမ်းက တော့ အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်မှုတွေရ ရှိထားတဲ့ သူတစ်​ယောက်ဖြစ်ပြီး ပရိသတ်အားပေးမှုကိုလည်း များစွာရရှိထားတာဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုကြာ အနုပညာ အလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့တဲ့ သူမက အချစ်သီချင်းတွေသာမကပဲ အသည်းကွဲသီချင်းတွေကိုလည်း စိတ်ခံစားချက်အပြည့်နဲ့ သီဆိုလေ့ရှိသူပါ။ ဒါ့အပြင် သူမရဲ့ ထွက်ရှိတဲ့ သီချင်းတိုင်း ကလည်း ပရိသတ်တွေအကြိုက်နဲ့ထက်တူကျတာဖြစ်လို့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအဆိုတော်တစ်ယောက်ဖြစ်လို့ နေပါတယ်။

ချမ်းချမ်းက သူမရဲ့ လူနေမှု့ဘဝကို ပရိသတ် တွေထံ အမြဲပွင့်ပွင့်လင်းလင်းချပြလေ့ရှိတာဖြစ်ပြီး မကြာသေးတဲ့ အချိန်ကာလ တစ်ခုကလည်း ဒုတိယမြောက်ကိုယ်ဝန်လွယ်ထားရကြောင်း ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။ ချမ်းချမ်းက မိခင်စိတ်အပြည့် ရှိသူဖြစ်လို့ ကိုယ်ဝန်လွယ်ထားရချိန်မှာ ဂရုတစိုက်နဲ့ ရင်သွေးလေးအတွက် အကောင်းဆုံးဆိုတာတွေကိုပဲ ဖန်တီးပေးလေ့ရှိတာဖြစ်ပါတယ်။

ယခုလက်ရှိမှာလည်း ချမ်းချမ်းက သူမရဲ့ ခင်ပွန်းသည် ရှိရာ အီတလီနိုင်ငံကို သွားရောက်နေခဲ့တာဖြစ်ပါတယ်။ ကိုယ်ဝန်လွယ်ထား ရပေမယ့်လည်း စိတ်ဓာတ်ခိုင်မာတဲ့ ချမ်းချမ်းက တစ်ယောက်တည်း လေယာဉ်စီးကာ မြန်မာနိုင်ငံမှ ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။ လေယာဉ်ရပ်နားရာ ခရီးတဝက်ရောက်ချိန်မှာတော့ ” First transit in Korea ..incheon airport!!! I feel healthy and fine!!15 hours transit time in Korea…..taking a rest and look around the shopping mall inside the airport. Miss my home ” ဆိုပြီး သူမရဲ့ ပုံလေးတွေ နဲ့အတူ တင်ပေးလာတာကြောင့် ချစ်ပရိသတ်တွေ သိရှိစေဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။ ပရိသတ်တွေကလည်း ချမ်းချမ်းရဲ့ ခရီးလမ်းအဆင် ပြေချောမွေ့စေဖို့အတွက် ကောမန့်မှာ ဆုတောင်းပေးခဲ့ကြပါအုန်းနော်။

သတင်းအရင်းမြစ်: Source – Chan Chan’s Facebook Account