


Chilli – CeleZone
Source – Phoe Chit

UNICODE

ပရိသတ်ကြီး ရေ ပရိသတ်တွေ ရဲ့ အကြိုက်နဲ့ ထပ်တူကျပြီး ပရိသတ် အားပေးမှုအများဆုံးဖြစ်ခဲ့တဲ့ The Voice Myanmar Season (3) သီချင်းဆို ပြိုင်ပွဲကြီးကတော့ မနေ့ည ကအောင်မြင်စွာနဲ့ ကျင်းပပြီးစီးခဲ့ပါတယ်။ The Voice Myanmar Season (3) ပြိုင်ပွဲကြီးမှာ ပရိသတ် အားပေးချစ်ခင် မှုများစွာရရှိခဲ့တဲ့ ခင်ရတနာစိုးက တော့ ကံမကောင်းစွာနဲ့ပဲ Winner ကိုလွဲချော်ခဲ့ပါတယ်။

ခင်ရတနာစိုး ကတော့ မနေ့က ညက Final ပွဲမှာ “နဂါးနီ” သီချင်းကို ကိုယ်တိုင် “ဆိုင်း” တီးခတ်ပြီး အကောင်းဆုံး Performance တွေနဲ့ ယှဉ်ပြိုင်တင်ဆက်ခဲ့ပြီး ပရိသတ် တွေရော ဒိုင်တွေကိုပါ အံ့သြသင့်စေခဲ့တဲ့ အပြင် ဒိုင်တွေ ရဲ့ အထင်ကြီး လေးစား ဂုဏ်ပြုတာကိုတောင်ခံခဲ့ရပါသေးတယ်။ ဒါ့အပြင် ခင်ရတနာစိုးက သဘင် ပညာရှင် မင်းသားချေ ဖိုးချစ် ထံကနေလည်း ဂုဏ်ပြုခြင်းကို ခံခဲ့ရပါသေးတယ်။

ဖိုးချစ် က “ဘာပဲဖြစ်ဖြစ်တာဝန်ကျေခဲ့ပါတယ်ညီမငယ်။ ဂုဏ်ယူပါတယ်မြန်မာ့ယဉ်ကျေးမှုအနုပညာအတွက်ပေါ့ ” သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာ ကနေ ခင်ရတနာစိုး ရဲ့ မနေ့ည ကဖျော်ဖြေမှုကို ဂုဏ်ယူကြောင်း ဖော်ပြထားခဲ့တာပါ။ CeleZone ပရိသတ်ကြီးရေ ခင်ရတနာစိုး ကလည်း အခုလို ဂုဏ်ပြုတာကို ကျေးဇူးတင်ကြောင်း နဲ့ ကံမကောင်းစွာ Winner ဆုကို လွဲချော်ခဲ့ပေ မဲ့လည်း အနုပညာလမ်းကြောင်း ပေါ်မှာ အမြဲရှိနေမှာပါတဲ့။

Chilli – CeleZone
Source – Phoe Chit