


Chilli – CeleZone

UNICODE

ပရိသတ်ကြီး ရေ ပရိသတ်တွေ ရဲ့ အချစ်တော် ခင်ရတနာစိုး ကတော့ လက်ရှိမှာ အနုပညာ လမ်းကြောင်းပေါ် ကို စတင် လျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်။ နားဝင် ချိုလွန်းလှတဲ့ အသံကြောင့် The Voice Myanmar ပြိုင်ပွဲမှာ ယဉ်ပြိုင်ခဲ့စဉ် ကတည်းက ပရိသတ် အားပေး ချစ်ခင်မှု များစွာရရှိခဲ့တဲ့ ခင်ရတနာ စိုးကိုတော့ ပရိသတ် တွေကလည်း သူ့ရဲ့ ကိုယ်ပိုင် သီချင်းတွေ ထွက်ရှိလာဖို့ မျှော်လင့်နေ ခဲ့ကြပါတယ်။

ခင်ရတနာစိုး ကတော့ လက်ရှိအခြေနေ တွေကြောင့် ကိုယ်ပိုင် သီချင်းမထွက် ရှိနိုင်သေပေမဲ့ လည်း ပရိသတ်တွေ အတွက် ဒီနေ့မှာ Cover Song လေးသီ ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ မျှဝေ လာခဲ့ပါတယ်။ ခင်ရတနာစိုး ကတော့ နီနီခင်ဇော် ရဲ့ အောင်မြင်မှုများစွာ ရရှိတဲ့ သီချင်းများ စွာထဲက တစ်ပုဒ်ဖြစ်တဲ့ “အချစ်ရဆုံး သူစိမ်း” သီချင်းလေး ကို Cover ပြန်လည်သီဆိုခဲ့တာပါ။

နီနီ သီဆိုခဲ့တုန်း ကလည်း ဒီသီချင်းလေး က ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ စွဲနေတဲ့အထိကို အောင်မြင်မှုရရှိခဲ့တဲ့ သီချင်းလေးတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ CeleZone ပရိသတ်ကြီးရေ နီနီရဲ့ “အချစ်ရဆုံးသူစိမ်း” သီချင်းလေး ကို Cover ပြန်လည် သီဆိုထားတဲ့ ခင်ရတနာစိုး ရဲ့ ဗီဒီယိုလေး ကို ပရိသတ်တွေ လည်း ခံစားနားဆင်လို့ရအောင် မျှ ဝေဖော်ပြပေး လိုက်ပါတယ်နော်။

Chilli – CeleZone
Source – Khin Yadanar Soe