



UNICODE

ချစ်ပရိသတ်ကြီး ရေ မမြတ်လေး လို့ အားလုံးက ချစ်စနိုး ခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချော အေးမြတ်သူ ကတော့ ချစ်စရာ ကောင်းပြီး ပွင့်လင်းတဲ့ဟန်ပန် အပြောအဆိုလေး တွေနဲ့ ဟန်ဆောင်မှု ကင်းတဲ့ နေထိုင် ပုံလေး တွေကြောင့် ပရိသတ်တွေ အချစ် ပိုရတဲ့သူလေးပါ။ ဒါ့ပြင် သူမရဲ့ ကျော့ရှင်း လှတဲ့အလှတရားလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့် လေးဟာလည်း ပရိသတ်တွေကို ကြွေစေ ခဲ့တာ အမှန်ပါပဲ။

ကျစ်လစ် သွယ်လျတဲ့ ခန္ဓာကိုယ်လေး ကို ပိုင်ဆိုင်ထား တာကြောင့် မမြတ်လေး က ဘာဝတ်ဝတ် အမြဲ ထင်ပေါ် လှပနေတာလည်း ဖြစ်ပါတယ်။လတ်တလောမှာတော့ ခရစ္စမတ် အပြင်အဆင် လေးတွေအပြည့်အစုံ နဲ့ အမိုက်စား ရိုက်ချက် တွေ ဖန်တီးရိုက်ကူးထား တဲ့ ပုံလေး တွေကိုဖော်ပြထားတာ တွေ့ရပါတယ်။ ပုံလေးထဲမှာ အရမ်းကို စွဲမက်ဖွယ် ကောင်းအောင် လှပလွန်းနေတာလည်းဖြစ်ပါတယ်။

ထူးခြား တဲ့ သူမရဲ့ အလှက ပရိသတ်တွေ အတွက် ဆွဲဆောင်မှု တစ်ခုဖြစ်စေတဲ့ အပြင် ပီပြင်တဲ့ သရုပ်ဆောင် အရည်အချင်း ကြောင့် ပရိသတ်တွေ ရဲ့ အားပေးမှုတွေကို ပိုင်ဆိုင်ထားတဲ့ သူလေး ဖြစ်ပါတယ်။သူမ ကတော့ အနုပညာအလုပ် တွေ ဆက်တိုက်လုပ်နေတယ် လို့လည်းသိရပါတယ်။ပရိသတ်ကြီး အတွက် မမြတ်လေး ရဲ့ ခရစ္စမတ် အမှတ်တရပုံလေး တွေကို ကြည့်ရှုနိုင်စေ ရန် မျှဝေပေးလိုက်ပါတယ်။

Source & Photo Credit : Aye Myat Thu Facebook Page