ဒီဇင္ဘာ ရဲ့ အထိမ္းအမွတ္ေတြ ထဲကတစ္ခု ျဖစ္တဲ့ ခရစၥမတ္ေန႔ မွာ အာဘြိဳင္းတို႔မိသားေလ‌းက ခရစၥမတ္ အထိမ္းအမွတ္သစ္ပင္ ကို အိမ္မွာဆင္ျမန္းၿပီး မိသားစု သုံးေယာက္ အတူတူ ခရစၥမတ္ ဝတ္စုံေလးေတြဝတ္ကာ အမွတ္တရ ပုံေလးေတြ ရိုက္ကူးခဲ့ပါတယ္။ အေဖေခ်ာ အေမေခ်ာမို႔ သမီးေလးကလည္း ေႂကြ႐ုပ္ေလးလို ခ်စ္စရာ ေကာင္းလြန္းေနပါတယ္။

အသက္ (၂) ႏွစ္ ေက်ာ္လာခဲ့ၿပီ ျဖစ္တဲ့ Scarlett ေလးဟာ စကားေလး ေတြ တစ္ခြန္းစ ႏွစ္ခြန္းစ ေျပာတတ္ေနၿပီ ျဖစ္ၿပီး ေဖေဖ ေမေမတို႔ရဲ့အသည္းစိုင္ကို ဆြဲကိုင္ လႈပ္နိုင္လြန္းသူေလး ပါပဲ။ ခ်စ္ဇနီး နဲ႔ ခ်စ္သမီး ကိုသိပ္ခ်စ္တဲ့ အာဘြိဳင္းက လည္း ဖခင္ေကာင္း ပီသစြာနဲ႔ မိသားစုကို တန္ဖိုးထားၿပီးခ်စ္ခင္သူတစ္ေယာက္ပါပဲ။

ျမတ္ ကိုလည္း သူမ သိပ္လိုခ်င္တဲ့ တန္ဖိုးႀကီးနားကပ္တစ္စုံကို Surprise လက္ေဆာင္ ေပးခဲ့ ပါေသးတယ္။ သုံးေယာက္သား ရဲ့ ၾကည္ႏူးစရာ မိသားစုဘဝေလးဟာ ျမင္သူတိုင္း ကို စိတ္ေပ်ာ္ရႊင္ေစခဲ့ပါတယ္။ ခ်စ္စရာ မိသားစုေလး ရဲ့ ခရစၥမတ္ေန႔အမွတ္တရ ပုံေလးေတြကို ပရိသတ္ႀကီး အတြက္ တင္ဆက္ေပးလိုက္ပါတယ္။

Happy – Cele Zone
Photo – Our Travel Diaries

UNICODE

ဒီဇင်ဘာ ရဲ့ အထိမ်းအမှတ်တွေ ထဲကတစ်ခု ဖြစ်တဲ့ ခရစ္စမတ်နေ့ မှာ အာဘွိုင်းတို့မိသားလေ‌းက ခရစ္စမတ် အထိမ်းအမှတ်သစ်ပင် ကို အိမ်မှာဆင်မြန်းပြီး မိသားစု သုံးယောက် အတူတူ ခရစ္စမတ် ဝတ်စုံလေးတွေဝတ်ကာ အမှတ်တရ ပုံလေးတွေ ရိုက်ကူးခဲ့ပါတယ်။ အဖေချော အမေချောမို့ သမီးလေးကလည်း ကြွေရုပ်လေးလို ချစ်စရာ ကောင်းလွန်းနေပါတယ်။

အသက် (၂) နှစ် ကျော်လာခဲ့ပြီ ဖြစ်တဲ့ Scarlett လေးဟာ စကားလေး တွေ တစ်ခွန်းစ နှစ်ခွန်းစ ပြောတတ်နေပြီ ဖြစ်ပြီး ဖေဖေ မေမေတို့ရဲ့အသည်းစိုင်ကို ဆွဲကိုင် လှုပ်နိုင်လွန်းသူလေး ပါပဲ။ ချစ်ဇနီး နဲ့ ချစ်သမီး ကိုသိပ်ချစ်တဲ့ အာဘွိုင်းက လည်း ဖခင်ကောင်း ပီသစွာနဲ့ မိသားစုကို တန်ဖိုးထားပြီးချစ်ခင်သူတစ်ယောက်ပါပဲ။

မြတ် ကိုလည်း သူမ သိပ်လိုချင်တဲ့ တန်ဖိုးကြီးနားကပ်တစ်စုံကို Surprise လက်ဆောင် ပေးခဲ့ ပါသေးတယ်။ သုံးယောက်သား ရဲ့ ကြည်နူးစရာ မိသားစုဘဝလေးဟာ မြင်သူတိုင်း ကို စိတ်ပျော်ရွှင်စေခဲ့ပါတယ်။ ချစ်စရာ မိသားစုလေး ရဲ့ ခရစ္စမတ်နေ့အမှတ်တရ ပုံလေးတွေကို ပရိသတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပါတယ်။

Happy – Cele Zone
Photo – Our Travel Diaries