


CREDIT – Cele Zone
Photo – Phway Phway

unicode

အလှူအတန်း တွေလုပ်တိုင်း အမြဲတမ်းအကျယ်တဝင့်မလုပ်ဘဲ တိတ်တဆိတ်လေး တွေ လှူတတ်တဲ့ဖွေးစိန်လေးဟာ ဒီနေ့ မှာတော့ မာမီကွတ်ရဲ့ဂေဟာအတွက် ငွေကျပ် (၉) သိန်း သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ ခိုကိုးရာမဲ့ကိုယ်ဝန်ဆောင် တွေနဲ့ မွေးကင်းစ ကလေးလေးတွေကို ကူညီစောင့်ရှောက်ပေး နေတဲ့ မာမီကွတ်ဟာ တကယ့်ကိုပရဟိတစိတ် အပြည့်ရှိသူပါ။

ဖွေးစိန်ဟာ သူမရဲ့အလှူတွေအကြောင်း သိပ်မပြောပေမယ့် ဒီနေ့အတွက် ကြည်နူးစရာအလှူလေးရဲ့ ဂုဏ်ပြုမှတ်တမ်းလွှ ာကိုတော့ သူမရဲ့ Facebook Myday မှာ ” နတ်လူသာဓုခေါ်စေသောဝ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ စိတ်ထားဖြူစင်ပြီး ပွင့်လင်းတဲ့ဖွေးစိန်လေးဟာ အလုပ်တွေလည်းကြိုးစားသလို အလှူဆိုလည်း လက်မနှေးတတ်သူပါ။

နှစ်ဦးအလှူအဖြစ်နဲ့ဒီလိုကုသိုလ်လေး ကိုပြုခဲ့တာဖြစ်ပြီး ဖွေးစိန်ရဲ့ပရိသတ်တွေကတော့ သူမရဲ့အလှူအတွက် သာဓုအကြိမ်ကြိမ် ခေါ်ဆိုနေကြမှာပါ။ နောက်လည်း ဒီထက်မက လှူဒါန်းနိုင်ပြီး အနုပညာလမ်း ကြောင်းပေါ်မှာလည်း အတိုင်းအဆမရှိ အောင်မြင်မှုတွေ ထွန်းပေါက်ပါစေဖွေးစိန်ရေ။

mg class=”alignnone size-full wp-image-5605″ src=”https://factonlinenews.com/wp-content/uploads/2021/01/134928751_10158054524437712_6965958644132555696_o.jpg” alt=”” width=”1366″ height=”2048″ />

CREDIT – Cele Zone
Photo – Phway Phway