



UNICODE

ပြည်သူချစ် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင် ကတော့ အကယ်ဒမီဆုတွေ ကိုလည်း ပိုင်ဆိုင်ထားပြီး အနုပညာလော ကမှာ ထိပ်တန်း မင်းသမီးတစ်လက် အဖြစ် ရပ်တည် နေတာဖြစ်ပါတယ်။အိန္ဒြာ ကျော်ဇင်က လက်ရှိမှာ ဆိုရင် စီးပွားရေး တစ်ဖက်၊အနုပညာ အလုပ်တွေ တစ်ဖက်နဲ့ ဘက်စုံ ထူးချွန်တဲ့သူဖြစ်ပါတယ်နော် ။ အိန္ဒြာကျော်ဇင် နဲ့ပြေတီဦး တို့ဇနီး မောင်နှံ နှစ်ယောက်က ချစ်ချစ် ခင်ခင် နဲ့ ပျော်ရွှင်စရာ မိသားစုဘဝလေး ကိုတည်ဆောက်ထားလို့ လူအများ အားကျနေရတာဖြစ်ပါတယ်။

အူဝဲ က သား နဲ့သမီး ရဲ့ဝေယျာဝစ္စ တွေကိုလည်း တတ်နိုင်သလောက် ကိုယ်တိုင် လုပ်ဆောင်ပေးပြီး အခုလို အနုပညာအလုပ်တွေရပ်နားထားချိန်မှာတော့ ကလေးတွေနားမှာ အမြဲနေ နေတာဖြစ်ပါတယ်။အူဝဲ နဲ့ ပြေတီဦးတို့ကလည်း ကလေးတွေ ရဲ့ ဘဝရှေ့ရေးအတွက် အကောင်းဆုံး လမ်းပြပေးပြီး ရင်အုပ်မကွာစောင့်ရှောက် နေကြတာဖြစ်ပါတယ်နော်။လက်တလော မှာ ဆိုရင်တော့ အူဝဲက အနုပညာအလုပ် လေးတွေကို ပြန်လည်လက်ခံနေပြီး Shootingတွေသွားနေရပြီဖြစ်ပါတယ်။

ကလေးနှစ်ယောက် အမေဖြစ်တဲ့ အူဝဲ ကတော့ မပျက် စီးသေးတဲ့အလှတရား တွေကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပြီး ပြစ်မျိုး မှဲ့ မထင်နုပျို‌နေတာ ဖြစ်ပါတယ်။အခုဆိုရင်လည်း နာမည်ကြီး ဒီဇိုင်နာကောင်းမြတ် ရဲ့ ဗေဒါရောင် ဝတ်စုံလေးကို ဆင်မြန်းထားလို့ မျက်စိမလွှဲချင် ရလောက်အောင် လှနေတာဖြစ်ပါတယ်။အူဝဲရဲ့အလှအပတွေကတော့ ခေါင်းအစခြေအဆုံးကို တင့်တယ်ပြီး ကျက်သရေအဖြာဖြာ နဲ့ပြည့်စုံလို့ ပရိသတ်တွေ လည်းငေးမော ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source&Photo Credit:Eaindra Kyaw Zin’s FB page/Aung Kyaw Tun(Visual Design)