





unicode

ပရိတ်သတ်ကြီးရေ..မင်းသမီး ချောလေးခိုင်နှင်းဝေဟာ ဆိုရင် လက်ရှိမှာ အနုပညာ အလုပ်တွေကို ရပ်နားထားပြီး ပရဟိတ လုပ်ငန်းတွေကို အာရုံစိုက်ပြီး ကြိုးစားလုပ်ဆောင်နေတဲ့ သူတစ်ဦး ပဲဖြစ်ပါတယ်။ခိုင်နှင်းဝေ က ခုလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးခြေအနေ တွေကြောင့် အခက်အခဲ ဖြစ်နေကြတဲ့ ပြည်သူတွေကို သူမတတ်နိုင်သလောက် လှူဒါန်း နေတာပဲဖြစ်ပါတယ်နော်.။

ဒီလိုခက်ခဲ နေတဲ့ကာလမှာတောင် ခိုကိုးရာမဲ့နေတဲ့ ရင်သွေးငယ်လေးတွေကို ခေါ်ယူစောင့်ရှောက်ပေးပြီး သူတို့လေးတွေကိုအစစ အရာရာ ဂရုစိုက်ပြုစုပျိုးထောင်ပေးနေတာကိုလည်း လေးစားစွာ နဲ့တွေ့မြင်ရတာပဲဖြစ်ပါတယ်။ခုလိုကာလမှာ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအတွက် စားဝတ်နေရေးအဆင်ပြေစေရန်ရည် ရွယ်ပြီး လှူဒါန်းမှုတွေကိုဆက်တိုက်ပြုလုပ်နေတာပဲဖြစ်ပါတယ်။ခိုင်နှင်းဝေကတော့ ပရဟိတမင်းသမီးလေးဆိုတဲ့အတိုင်း နာမည်နဲ့လိုက်အောင်ကို ပရဟိတ စိတ်အပြည့်အယရှိတဲ့အတွက် သူမကို ပရိတ်သတ် တွေက တစ်နေ့ထက်တစ်နေ့ လေးစားရင်းအချစ်တွေပိုနေကြတာပဲဖြစ်ပါတယ်နော်..။

ဒီကနေ့ မှာဆိုရင်လည်း ခိုင်နှင်းဝေက ဆန်၊ဆီ၊ကြက်သွန်စတဲ့ စားသောက်ကုန်ပစ္စည်းတွေကို အနှေးယာဉ်အစီး (၃၀)အား လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်.။” ဆိုက်ကား အစီး (၃၀) အား ဆန်(၅)ပြည်၊ ဆီ(၅၀)သား၊ ကြက်သွန်၊အာလူး၊ငါးခြောက်၊ဂေါ်ဖီထုပ်၊အားဆေး တို့ကို ဝေမျှ လှူဒါန်းပေးခဲ့ပါတယ်ရှင်..ဂေဟာ အတွက် ဝယ်စု ထားတဲ့ ပစ္စည်းများနှင့် အလှူရှင်များ လာရောက်လှူဒါန်းထားသော ပစ္စည်များအား ရှိသလောက် ထုတ်၍ ပြန်လည်လှူဒါန်းပေးသွားပါမည်.

.ခုနှစ်ရက် သားသမီး အလှူရှင်များ အားလုံး ထပ်တူ ကုသိုလ်ပွား များနိုင်ကြပါစေရှင်…🙏🙏🙏….” ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေတဆင့် ပရိတ်သတ် ကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်.။ခုလိုအခက်အခဲ ဖြစ်နေကြတဲ့ သူတွေကို လှူဒါန်းပေေးနတဲ့ခိုင်နှင်းဝေကို တကယ်ကိုလေးစားမိတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည် ဝေမျှပေးလိုက်တာ ပဲဖြစ်ပါတယ်နော်..။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

Source ; Khine Hnin Wai’s Facebook Page

Credit ; Celebrity Platforms