အနုပညာသက်တမ်း ဆယ်စု နှစ်ကျော်တိုင်အောင် ပရိသတ်တွေ ရဲ့ အားပေးမှုတွေကို ရရှိထားသူကတော့သရုပ်ဆောင် ခင်ဇာခြည်ကျော်ပဲ ဖြစ်ပါတယ်။ သူမရဲ့ အနုပညာအမွေတွေကိုလည်း သားနဲ့ သမီးကိုလက်ဆင့် ကမ်းဆက်ခံထားတာ ဖြစ်ပါတယ်။ မကြာသေးခင် လပိုင်းလောက်က မိခင်ဖြစ်သူ ကွယ်လွန်း ထားတာကြောင့် အခုချိန်ထိ ဝမ်းနည်းခံစားနေရဆဲ ဖြစ်ပါတယ်။ဒီကာလမှာ ပြည်သူများသာမကဘဲ အနုပညာရှင်များလည်း အခက်အခဲတွေများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ နေကြရတာဖြစ်ပါတယ်။

တစ်ခါတစ်ရံ သူတို့ခံစားနေရတာတွေကို လူမှုကွန်ယက် များတွင် ပရိသတ်တွေကို ရင်ဖွင့်ပြောပြလေ့ရှိကြတာလည်း ဖြစ်ပါတယ်။မကြာသေးခင် နာရီပိုင်းလောက်ကလည်း ခင်ဇာခြည်ကျော်ရဲ့ လူမှုကွန်ယက်စာ မျက်နှာတွင် ဘဝရဲ့အခက်ခဲ ဆုံးအချိန်မှာ ရင်ဘတ်နဲ့ ပေါင်းသင်းပြီး ကူညီပေးခဲ့သူတိုင်းကို ကျေးဇူးတင်တဲ့အကြောင်း ပြောပြလာတာ ဖြစ်ပါတယ်။

သူမကလည်း ” အခုအချိန်ဟာ ဘဝရဲ့ အခက်အခဲဆုံး အချိန်တွေပဲ…😔😇ဒီလိုအချိန်မှာ မရှိရှိတာကို မျှဝေစားပြီး ရင်ဘတ်နဲ့ ပေါင်းပေးပြီး ကူညီတဲ့သူတွေကိုတစ်သက် ဘယ်​တော့မှမမေ့ဘူး…🤝🏻🤝🏻ဘဝထဲမှာအမြဲမှတ် တမ်းတင်ထား တယ်💁💝၁၉.၅.၂၀၂၁”ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တီဇာအတွက် အားပေးစကားတွေ ပြောပေး ထားကြတာ ဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး လူတိုင်းအပေါ် စေတနာကောင်းလွန်းတဲ့ မဇာလေးတစ်ယောက် ခက်ခဲ နေတာတွေအားလုံး အမြန်ဆုံး အဆင်ပြေ ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Credit

ZAW GYI

အႏုပညာသက္တမ္း ဆယ္စု ႏွစ္ေက်ာ္တိုင္ေအာင္ ပရိသတ္ေတြ ရဲ့ အားေပးမႈေတြကို ရရွိထားသူကေတာ့သ႐ုပ္ေဆာင္ ခင္ဇာျခည္ေက်ာ္ပဲ ျဖစ္ပါတယ္။ သူမရဲ့ အႏုပညာအေမြေတြကိုလည္း သားနဲ႔ သမီးကိုလက္ဆင့္ ကမ္းဆက္ခံထားတာ ျဖစ္ပါတယ္။ မၾကာေသးခင္ လပိုင္းေလာက္က မိခင္ျဖစ္သူ ကြယ္လြန္း ထားတာေၾကာင့္ အခုခ်ိန္ထိ ဝမ္းနည္းခံစားေနရဆဲ ျဖစ္ပါတယ္။ဒီကာလမွာ ျပည္သူမ်ားသာမကဘဲ အႏုပညာရွင္မ်ားလည္း အခက္အခဲေတြမ်ားစြာနဲ႔ ရင္ဆိုင္ၾကဳံေတြ႕ ေနၾကရတာျဖစ္ပါတယ္။

တစ္ခါတစ္ရံ သူတို႔ခံစားေနရတာေတြကို လူမႈကြန္ယက္ မ်ားတြင္ ပရိသတ္ေတြကို ရင္ဖြင့္ေျပာျပေလ့ရွိၾကတာလည္း ျဖစ္ပါတယ္။မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း ခင္ဇာျခည္ေက်ာ္ရဲ့ လူမႈကြန္ယက္စာ မ်က္ႏွာတြင္ ဘဝရဲ့အခက္ခဲ ဆုံးအခ်ိန္မွာ ရင္ဘတ္နဲ႔ ေပါင္းသင္းၿပီး ကူညီေပးခဲ့သူတိုင္းကို ေက်းဇူးတင္တဲ့အေၾကာင္း ေျပာျပလာတာ ျဖစ္ပါတယ္။

သူမကလည္း ” အခုအခ်ိန္ဟာ ဘဝရဲ့ အခက္အခဲဆုံး အခ်ိန္ေတြပဲ…😔😇ဒီလိုအခ်ိန္မွာ မရွိရွိတာကို မၽွေဝစားၿပီး ရင္ဘတ္နဲ႔ ေပါင္းေပးၿပီး ကူညီတဲ့သူေတြကိုတစ္သက္ ဘယ္​ေတာ့မွမေမ့ဘူး…🤝🏻🤝🏻ဘဝထဲမွာအျမဲမွတ္ တမ္းတင္ထား တယ္💁💝၁၉.၅.၂၀၂၁”ဆိုၿပီးေရးသားထားတာ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း စိတ္ဖိစီးမႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ တီဇာအတြက္ အားေပးစကားေတြ ေျပာေပး ထားၾကတာ ျဖစ္ပါတယ္။ စိတ္ထားေကာင္းၿပီး လူတိုင္းအေပၚ ေစတနာေကာင္းလြန္းတဲ့ မဇာေလးတစ္ေယာက္ ခက္ခဲ ေနတာေတြအားလုံး အျမန္ဆုံး အဆင္ေၿပ ပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္။

Credit