ယခု ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ ရဲ့ နေရာအနှံ့ အပြားမှာ ကိုဗစ်ရောဂါ ကူးစက်ခံထားရတဲ့ လူနာတွေ ရှိနေခဲ့ပါတယ်။ ကိုဗစ်ကူးစက်ခံထားရတဲ့ အရေအတွက်ကလည်း တဖြည်းဖြည်း များပြားလာ နေခဲ့သလို သေဆုံးသွားတဲ့ ကိုဗစ်လူနာ တွေလည်းရှိနေခဲ့ပါတယ်။ပြည်သူတွေကတော့ သွားလာစရာ ကိစ္စရှိရင် Maskတပ်ပြီး သတိထား သွားလာကြဖို့နဲ့ ရောဂါအခံရှိတဲ့ လူတွေ ပိုမိုသတိထားကြဖို့ အချင်းချင်း တိုက်တွန်းနှိုးဆော်နေကြပါတယ်။

တစ်ချို့ နယ်မြို့ တွေမှာဆိုရင် ရောဂါတွေ ပိုမိုအလျင် အမြန်ကူးစက်နေ တာကြောင့် အပြင်မထွက်ရ အမိန့်တွေ တောင် ချမှတ်ထားတယ်လို့သိရပါတယ် ။ ခုတတိယလှိုင်း ကိုဗစ်က ပိုမို ပြင်းထန်တာကြောင့် သက်ကြီး ရွယ်အိုတွေ နဲ့ ကလေးငယ် တွေ အထူး ဂရုစိုက်သင့်တာ အမှန်ပါပဲ ။ ခုဆိုရင် အနုပညာရှင်တွေများစွာကလည်း ဒီရောဂါဆိုးကြီးကို ကာကွယ်နိုင်ဖို့ အသိပေး စာတွေ လိုက်နာရမယ့် အချက် တွေကို ဝေမျှ သတိပေးနေတာ တွေ့ရပါတယ် ။

အခုလည်း နန်းခင်ဇေယျာ က သူရဲ့ စာမျက်နှာထက်ကနေ ကိုဗစ်ရောဂါ မကူးစက် အောင် အရေးကြီး လိုက်နာ သင့်တဲ့ အရာတွေ ကို ခုလို ရေးသားဖော်ပြလာပါတယ် ။ ” COVID-19 က နန်းခင် တို့ရဲ့ အနီးဆုံးမှာ တစ်ကြော့ပြန် ပြန်ရောက် လာတာဖြစ်လို့ အားလုံး အထူး ဂရုစိုက်ကြပါနော်။ မိမိကိုယ်တိုင် ဂရုစိုက်ရမယ့်ကာလဖြစ်တာကြောင့် သတိ မလျော့ မပေါ့ဆဘဲ လက်ဆေးကြပါ။ Mask တပ်ပါ။ ကျန်းမာအောင်နေပါ။ အာဟာရပြည့်၀စွာစားပါ။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးပါ။” ဆိုပြီး ရေးသား ဖော်ပြထားရာ ပရိသတ်ကြီးလည်း ဗဟုသုတ ရစေရန် ပြန်လည် ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone
Photo – Nang Khin Zay Yar

ZAWGYI

ယခု ရက္ပိုင္းအတြင္း ျမန္မာနိုင္ငံ ရဲ့ ေနရာအႏွံ့ အျပားမွာ ကိုဗစ္ေရာဂါ ကူးစက္ခံထားရတဲ့ လူနာေတြ ရွိေနခဲ့ပါတယ္။ ကိုဗစ္ကူးစက္ခံထားရတဲ့ အေရအတြက္ကလည္း တျဖည္းျဖည္း မ်ားျပားလာ ေနခဲ့သလို ေသဆုံးသြားတဲ့ ကိုဗစ္လူနာ ေတြလည္းရွိေနခဲ့ပါတယ္။ျပည္သူေတြကေတာ့ သြားလာစရာ ကိစၥရွိရင္ Maskတပ္ၿပီး သတိထား သြားလာၾကဖို႔နဲ႔ ေရာဂါအခံရွိတဲ့ လူေတြ ပိုမိုသတိထားၾကဖို႔ အခ်င္းခ်င္း တိုက္တြန္းႏွိုးေဆာ္ေနၾကပါတယ္။

တစ္ခ်ိဳ႕ နယ္ၿမိဳ႕ ေတြမွာဆိုရင္ ေရာဂါေတြ ပိုမိုအလ်င္ အျမန္ကူးစက္ေန တာေၾကာင့္ အျပင္မထြက္ရ အမိန႔္ေတြ ေတာင္ ခ်မွတ္ထားတယ္လို႔သိရပါတယ္ ။ ခုတတိယလွိုင္း ကိုဗစ္က ပိုမို ျပင္းထန္တာေၾကာင့္ သက္ႀကီး ရြယ္အိုေတြ နဲ႔ ကေလးငယ္ ေတြ အထူး ဂ႐ုစိုက္သင့္တာ အမွန္ပါပဲ ။ ခုဆိုရင္ အႏုပညာရွင္ေတြမ်ားစြာကလည္း ဒီေရာဂါဆိုးႀကီးကို ကာကြယ္နိုင္ဖို႔ အသိေပး စာေတြ လိုက္နာရမယ့္ အခ်က္ ေတြကို ေဝမၽွ သတိေပးေနတာ ေတြ႕ရပါတယ္ ။

အခုလည္း နန္းခင္ေဇယ်ာ က သူရဲ့ စာမ်က္ႏွာထက္ကေန ကိုဗစ္ေရာဂါ မကူးစက္ ေအာင္ အေရးႀကီး လိုက္နာ သင့္တဲ့ အရာေတြ ကို ခုလို ေရးသားေဖာ္ျပလာပါတယ္ ။ ” COVID-19 က နန္းခင္ တို႔ရဲ့ အနီးဆုံးမွာ တစ္ေၾကာ့ျပန္ ျပန္ေရာက္ လာတာျဖစ္လို႔ အားလုံး အထူး ဂ႐ုစိုက္ၾကပါေနာ္။ မိမိကိုယ္တိုင္ ဂ႐ုစိုက္ရမယ့္ကာလျဖစ္တာေၾကာင့္ သတိ မေလ်ာ့ မေပါ့ဆဘဲ လက္ေဆးၾကပါ။ Mask တပ္ပါ။ က်န္းမာေအာင္ေနပါ။ အာဟာရျပည့္၀စြာစားပါ။ ကိုယ္လက္ေလ့က်င့္ခန္း ပုံမွန္ျပဳလုပ္ေပးပါ။” ဆိုၿပီး ေရးသား ေဖာ္ျပထားရာ ပရိသတ္ႀကီးလည္း ဗဟုသုတ ရေစရန္ ျပန္လည္ ေဖာ္ျပေပးလိုက္ပါတယ္ ။

Yuan – Cele Zone
Photo – Nang Khin Zay Yar