



unic0de

ပရိသတ် အချစ်တော် မင်းသမီးချောလေး သင်ဇာဝင့်ကျော် ကတော့ အမိုက်စား ဖက်ရှင်တွေကို ဝတ်ဆင်လေ့ရှိပြီး ဆွဲဆောင်မှု အပြည့်နဲ့ လှနေတတ်တာ ဖြစ်ပါတယ် ။ ပုရိသတွေရဲ့ အထူးတလည် စိတ်ဝင်စားခြင်;ကိုခံနေရတဲ့ သင်ဇာဝင့်ကျော်က သူမရဲ့ အလုပ်အပေါ်မှာ အာရုံစိုက်ပြီး သေသေချာချာ လုပ်ကိုင်တတ်တာ ဖြစ်ပါတယ် ။ သင်ဇာဝင့်ကျော် က ဝေဖန်တိုက်ခိုက်မှု ဒဏ်တွေကို မကြာခဏ ခံရတတ်ပေမယ့် ပြိုလဲသွား ခြင်းမရှိဘဲ သူမ ရဲ့ အောင်မြင်မှု ပန်းတိုင်ကိုသာ ဆက်လက်လျှောက် လှမ်းနေတာ ဖြစ်ပါတယ် ။

ဒီနေ့မှာတော့ သင်ဇာဝင့်ကျော် က SHAYI ဖက်ရှင်ဆိုင် ရဲ့ဆိုင်အသစ် ဖွင့်ပွဲကို တက်ရောက် ခဲ့တာပဲ ဖြစ်ပါတယ် ။ Myanmar Plaza မှာ ကျင်းပပြုလုပ်တဲ့ SHAYI ရဲ့ Grand Opening ကို သင်ဇာဝင့်ကျော် အပြင် စန္ဒီမြင့်လွင့်၊ အေးမြတ်သူ၊ နန်းဆုရတီစိုး နဲ့ ပိုင်ဖြိုးသု တို့လည်း အသီးသီး တက်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ် ။ သင်ဇာဝင့်ကျော် တို့ အနုပညာ ညီအစ်မတစ်စု ကတော့ အတူဆုံ တဲ့အချိန်လေး မှာ စကား တွေပြောရင်း ရယ်မော ခဲ့သလို အမှတ်တရ ဓာတ်ပုံတွေလည်း ရိုက်ကူးခဲ့ ကြတာ ဖြစ်ပါတယ် ။

ဓာတ်ပုံရိုက်နေ ရင်းနဲ့ သင်ဇာဝင့်ကျော် က နန်းဆုရတီစိုး ကို အသားတွေ ပိုဖြူပြီးလှလာ ကြောင်းပြောခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် သင်ဇာက နန်းဆု ရဲ့ခြေထောက်ကိုကြည့်ပြီး စစနောက်နောက် နဲ့ စကားတစ်ခွန်းပြောချလိုက်တာလည်း ဖြစ်ပါတယ် ။ Live လွှင့်နေမှန်းမသိဘဲ အပီအပြင်တွေပြေ ာနေတဲ့ သင်ဇာ့ကြောင့် နန်းဆုတို့အနုပညာညီအစ်မတွေ ရယ်မောခဲ့ ရတာလည်း ဖြစ်ပါတယ် ။ ကဲ သင်ဇာဝင့်ကျော်နဲ့ နန်းဆုရတီစိုးတို့အနုပညာညီအစ်မတစ်စုရဲ့ အခွီဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှ ဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Thinzar Wint Kyaw’s IG Story & Nansu Yati Soe’s FB Story