


Angella(CeleChitThu)

UNICODE

အမိုက်စား သီချင်းတွေကို သီဆိုလေ့ ရှိတဲ့ အဆိုတော် G-fatt ကို ပရိသတ်တွေ နဲ့ အထူးတလည် မိတ်ဆက်ပေးဖို့ မလိုလောက်ဘူးထင်ပါတယ်။ G-fatt ကတော့ ခံစားချက်နဲ့ တိုက်ဆိုင် လွန်းတဲ့ သီချင်းတွေကို ကိုယ်တိုင်ရေး စပ်ပြီး သီဆိုလေ့ ရှိတာကြောင့် ဂီတ လောကမှာ အောင်မြင်လာတဲ့ အဆိုတော်တစ်လက်ပါပဲ။ သူရဲ့ထွက်ရှိသမျှ သီချင်းတိုင်းဟာဆိုရင် လူငယ်ပရိသတ်တွေ ကြားမှာ ရေပန်းစား အောင်မြင်နေတဲ့သီချင်းတွေပဲဖြစ်ပါတယ်။

G-fatt ကတော့ ဂီတလုပ်ငန်း တွေအပြင် ကြော်ငြာလေးတွေ ကိုလည်း ရိုက်ကူးနေတာ တွေ့ရမှာပါပဲနော်။ ဒီဇင်ဘာ (၃၁) ရက်နေ့ ကတော့ သူရဲ့ မွေးနေ့လေးဖြစ်တာမို့ G-fatt က ”ဒါ ပရိတ်သတ်​တွေကို​ပေးတဲ့ ကျွန်​တော့်ရဲ့​ မွေး​နေ့ လက်​ဆောင်ပါ”လို့ဆိုပြီး မွေးနေ့ လေးမှာ သီချင်းအသစ်ဗီဒီယို ဖိုင်လေးကို လူမှုကွန်ယက်စာမျက်နှာ ပေါ်မှာ တင်ပေးလာခဲ့ တာပဲဖြစ်ပါတယ်။

G-fatt ရဲ့ မွေးနေ့လက်ဆောင် သီချင်းအသစ်လေး ကို ပရိသတ်တွေ နားဆင်ပြီး ကြိုက်နှစ်သက် ကြလိမ့်မယ်လို့ထင်ပါတယ်။ ဖတ်ရှု ပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာ ပျော်ရွှင်တဲ့နေ့ရက်လေး တွေကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုတောင်းပေး လိုက်ပါတယ်နော်။

Source…..G-fatt’s Facebook
Angella(CeleChitThu)