မင်းသမီး ချောလေး ဆောင်းဝတ်ရည်မေ ကိုတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲ တွေကနေ တဆင့် ပရိသတ် အခိုင်အမာရရှိ လာတဲ့ အနုပညာ ရှင်တစ်ယောက်ပါ ။ တုစိန်လေး လို့လည်း ပရိသတ်တွေ ချစ်စနိုး ခေါ်ကြတဲ့ ဆောင်းဝတ်ရည်မေ ကတော့ အမုန်းမှ သည် ချစ်ခြင်းတရား တို့ရှိရာ စတဲ့ ဇာတ်လမ်း တွဲတွေမှာ ပီပြင်စွာ သရုပ်ဆောင်ပြီး ပရိသတ်တွေ အချစ်ကိုလည်း သိမ်းပိုက် ထားနိုင်ခဲ့သူလေးပါ ။

လတ်တလော မှာ တော့ Together Forever ဆိုတဲ့ Music Video လေးကို ရိုက်ကူးနေတဲ့ အကြောင်း သူမရဲ့ လူမှုကွန်ရက် စာမျက်နှာထက်က နေ ပရိသတ်တွေကို မျှ ဝေပေးလာခဲ့ပါတယ် ။ ကောင်လေးသုံးယောက် ရဲ့ ချစ်ရေး ဆိုခံရတဲ့ တုတု ၊ တုတု ဘယ်သူ့ကို အဖြေ ပြန်ပေးလိုက်ရ မလည်း ပြောကြည့် ဆိုတဲ့စာသားလေးနဲ့အတူ သူမ ရိုက်ကူးခဲ့တဲ့ Music Video လေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကို ပဟေဠိဖွက်ခဲ့ပါသေးတယ် ။

အဆိုတော် ဟိဏ်းသစ် ၊ အောင်ကောင်းမြတ် နဲ့ ထူးမြတ်ဇော်တို့က တုတု နဲ့အတူ ပါဝင် သရုပ်ဆောင် ထားကြပြီး တုတု တစ်ယောက် ဘယ်သူ့ကို ရွေးလိုက်မလဲ ဆိုတာကို ပရိသတ် ကြီးလည်း သိချင်နေကြပြီထင်ပါတယ် ။ တုတုကို ချစ်တဲ့ ပရိသတ်တွေရော သူမ ဘယ်သူ့ကို ရွေးချယ်မယ်လို့ ထင်လဲ မှတ်ချက် ပေးခဲ့ပါဦးနော် ။

Source : Hsaung Wutt Yee May
Emily (Cele Gabar)

UNICODE




Source : Hsaung Wutt Yee May
Emily (Cele Gabar)