အဆိုေတာ္ Oasix ကေတာ့ ျမန္မာနိုင္ငံတြင္ လက္ရွိ ျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈ ေတြမွာ ျပည္သူေတြနဲ႔အတူ တက္ႂကြစြာ ပူးေပါင္း ပါဝင္ေနသူ ျဖစ္ပါတယ္။ လူငယ္ပီပီ လမ္းေပၚထြက္ကာ အမွန္တရားဘက္ ကေန အားႀကိဳးမာန္တက္ ဆႏၵထုတ္ေဖာ္ေနသကဲ့သို႔ လူမႈ ကြန္ယက္မ်ား မွေနၿပီး Speak Out လုပ္ေပးေနတဲ့ အဆိုေတာ္တစ္ဦး ျဖစ္ပါတယ္။ သတင္းအခ်က္အလက္မ်ားကိုလည္း အခ်ိန္နဲ႔ တစ္ေျပးညီ တင္ေပးေန တာေၾကာင့္လည္းပရိသတ္ေတြ အားလုံးက Oasix ကို ခ်ီးက်ဴးေနၾကတာပါ။

လက္ရွိမွာလည္း စားဝတ္ေန ေရးအတြက္ အခက္အခဲ ျဖစ္ေနတဲ့ ျပည္သူမ်ားအား လႉဒါန္းရန္အတြက္ အလႉေငြ ေကာက္ခံေနတာပါ။ လႉဒါန္းမႈေတြကိုလည္း ပရိသတ္ေတြ သာဓုေခၚဆိုနိုင္ေစရန္ သူ႔ရဲ့ လူမႈကြန္ယက္စာ မ်က္ႏွာတြင္ ေဝမၽွေပးေနတာပဲ ျဖစ္ပါတယ္။ မၾကာေသးခင္ မိနစ္ပိုင္းေလာက္ကလည္း Oasix ရဲ့Facebook Page တြင္ ခ်စ္ခင္သူမ်ားထံမွ ေကာက္ခံ ရရွိထားေသာ အလႉေငြမ်ား ကို တကယ္ အခက္အခဲျဖစ္ေနတဲ့ ျပည္သူမ်ားအားလႉဒါန္းသြားမယ့္ အေၾကာင္း ေရးသား ေျပာျပလာတာပဲ ျဖစ္ပါတယ္။

သူကလည္း ” မႏၲေလးၿမိဳ႕ ျပည္ႀကီး တံခြန္ၿမိဳ႕နယ္ နံ့သာရပ္မီးေဘးသင့္ျပည္သူမ်ားဆီသို႔ သြားေရာက္ၿပီးကၽြန္ေတာ္တို႔ အတူတူ စုေပါင္းေကာက္ခံ ခဲ့ေသာအလႉေငြမ်ားထဲမွ ၂၀၀၀၀၀ တိတိကို လႉဒါန္း ခဲ့ပါသည္ လက္ခံရရွိေငြ ၆၃၆၆၃၈ က်ပ္ရယ္ ကၽြန္ေတာ္ မတည္ေငြ၁၀၀၀၀၀ စုစုေပါင္း ၇၃၆၆၃၈ က်ပ္ အလႈေငြ ရရွိပါတယ္က်န္ရွိေသးေသာ အလႉေငြမ်ားကို တကယ္ ခက္ခဲေန သူမ်ားဆီသို႔ သြားေရာက္ လႉဒါန္းသြားမွာ ျဖစ္ပါတယ္။အလႉေငြဆက္လက္လႉခ်င္သူမ်ားက ေနာက္တစ္ေခါက္ အလႉလုပ္တာကို ေစာင့္ၾကည့္ေပးပါ လက္ထဲမွာ အပိုအလႉေငြ ကိုင္မထားခ်င္လို႔ပါ ေက်းဇူး တင္ပါတယ္ဗ်ာ၅၀ ၊ ၁၀၀ က်ပ္ ကစကၿပီး အတူတူ လႉခဲ့ ၾကေသာ ခ်စ္ရသူမ်ားရဲ့အလႉျဖစ္ပါတယ္…ကုသိုလ္ အမ်ားႀကီး ရပါေစဗ်ာ ျမန္မာျပည္ တစ္ခုလုံး အမွန္တရား အနိုင္ရပါေစ 🙏🏽 ” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြ လည္း သာဓုေခၚ ဆိုနိုင္ရန္ ဒီသတင္းကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ရပါတယ္ေနာ္။

Source and Photo Crd-Oasix’s Facebook Page

unicode

အဆိုတော် Oasix ကတော့ မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှု တွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်း ပါဝင်နေသူ ဖြစ်ပါတယ်။ လူငယ်ပီပီ လမ်းပေါ်ထွက်ကာ အမှန်တရားဘက် ကနေ အားကြိုးမာန်တက် ဆန္ဒထုတ်ဖော်နေသကဲ့သို့ လူမှု ကွန်ယက်များ မှနေပြီး Speak Out လုပ်ပေးနေတဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ သတင်းအချက်အလက်များကိုလည်း အချိန်နဲ့ တစ်ပြေးညီ တင်ပေးနေ တာကြောင့်လည်းပရိသတ်တွေ အားလုံးက Oasix ကို ချီးကျူးနေကြတာပါ။

လက်ရှိမှာလည်း စားဝတ်နေ ရေးအတွက် အခက်အခဲ ဖြစ်နေတဲ့ ပြည်သူများအား လှူဒါန်းရန်အတွက် အလှူငွေ ကောက်ခံနေတာပါ။ လှူဒါန်းမှုတွေကိုလည်း ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်စေရန် သူ့ရဲ့ လူမှုကွန်ယက်စာ မျက်နှာတွင် ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း Oasix ရဲ့Facebook Page တွင် ချစ်ခင်သူများထံမှ ကောက်ခံ ရရှိထားသော အလှူငွေများ ကို တကယ် အခက်အခဲဖြစ်နေတဲ့ ပြည်သူများအားလှူဒါန်းသွားမယ့် အကြောင်း ရေးသား ပြောပြလာတာပဲ ဖြစ်ပါတယ်။

သူကလည်း ” မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ် နံ့သာရပ်မီးဘေးသင့်ပြည်သူများဆီသို့ သွားရောက်ပြီးကျွန်တော်တို့ အတူတူ စုပေါင်းကောက်ခံ ခဲ့သောအလှူငွေများထဲမှ ၂၀၀၀၀၀ တိတိကို လှူဒါန်း ခဲ့ပါသည် လက်ခံရရှိငွေ ၆၃၆၆၃၈ ကျပ်ရယ် ကျွန်တော် မတည်ငွေ၁၀၀၀၀၀ စုစုပေါင်း ၇၃၆၆၃၈ ကျပ် အလှုငွေ ရရှိပါတယ်ကျန်ရှိသေးသော အလှူငွေများကို တကယ် ခက်ခဲနေ သူများဆီသို့ သွားရောက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။အလှူငွေဆက်လက်လှူချင်သူများက နောက်တစ်ခေါက် အလှူလုပ်တာကို စောင့်ကြည့်ပေးပါ လက်ထဲမှာ အပိုအလှူငွေ ကိုင်မထားချင်လို့ပါ ကျေးဇူး တင်ပါတယ်ဗျာ၅၀ ၊ ၁၀၀ ကျပ် ကစကပြီး အတူတူ လှူခဲ့ ကြသော ချစ်ရသူများရဲ့အလှူဖြစ်ပါတယ်…ကုသိုလ် အများကြီး ရပါစေဗျာ မြန်မာပြည် တစ်ခုလုံး အမှန်တရား အနိုင်ရပါစေ 🙏🏽 ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေ လည်း သာဓုခေါ် ဆိုနိုင်ရန် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Oasix’s Facebook Page