



UNICODE

ဝတ်မှုံရွှေရည် ကတော့ အနုပညာ လောကမှာ အောင်မြင်မှု တွေရရှိနေပြီး ပရိသတ်တွေ ရဲ့ အချစ်တွေကို အပြည့်အဝ ရရှိထားတဲ့သူလေးပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည် က ဇာတ်ကား များစွာကို ရိုက်ကူးထား ပြီး ဘယ်လို ဇာတ်ကောင်တွေ မဆို သဘာဝကျကျ ပီပြင် လွန်းတာကြောင့် အကယ်ဒမီဆု ကို ထိုက်ထိုက် တန်တန် ရရှိထားတာ ဖြစ်ပါတယ်။ လတ်တလော မှာ တော့ ဝတ်မှုံရွှေရည် က ကြော်ငြာတွေ အပြင် Photo Shooting တွေကို ပြန်လည် ရိုက်ကူးနေရတာ တွေ့ရပါတယ်။

ဝတ်မှုံရွှေရည် က ဖြူဖွေး နုဖက်နေတဲ့ အသားအရည် လေးတွေအပြင် တမူ ထူးခြားတဲ့ ပင်ကိုယ် အလှတရားတွေ ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ မကြာခဏဆိုရင် သူမရဲ့ အနုပညာ လှုပ်ရှားမှုတွေ နဲ့ အလန်းစား ပုံရိပ်လေးတွေ အပြင် အပျင်းအပြေ ဆော့ကစားလား တဲ့ Tik Tok လေးတွေကိုလည်း ဖော်ပြပေးပါတယ်။ယခုမှာဆိုရင်လည်း ဝတ်မှုံရွှေရည် က ပရိသတ်တွေ ချစ်အား ပိုမယ့် အသည်း ယားစရာ Tik Tok လေးကို တင်ပေးလာခဲ့ပါတယ်။

ဒီဗီဒီယို လေးထဲမှာ တော့ ဝတ်မှုံရွှေရည် က သူငယ်ချင်း နဲ့ အတူ ခေတ်စားနေတဲ့ Tik Tok လေးအတိုင်း ကိုယ်ပိုင်ဟန်လေး နဲ့ အပီအပြင် ကိုယ်လုံးလေး လှုပ်ခါပြီး ဆော့က စားထားတာ ဖြစ်ပါတယ်။ ဆွဲဆောင် မှုရှိရှိ အသည်းယား စရာကောင်းလောက်အောင် ဆော့ကစားထား တာကို ပရိသတ်တွေ သဘောကျ မယ်လို့မျှော်လင့်မိပါတယ်။ ကဲ…ပရိသတ်ကြီးရေ ယခုမှာ တော့ မင်းသမီးချောလေး ဝတ်မှုံရွှေရည် ရဲ့ Tik Tok လေးကို ကြည့်ရှု့ လို့ရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Source- Wutt Hmone Shwe Yi’s fb page