ပြည်သူချစ် မင်းသား ၊ မင်းသမီး​တွေဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ဇနီးမောင်နှံကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကိုရရှိထားတာဖြစ်ပါတယ်။ဧပြီလ (၉)ရက်နေ့ကတော့ ပြေတီဦး တို့ ဇနီးမောင်နှံ နှစ်ယောက်လုံးက ၅၀၅ (က) ပုဒ်မနဲ့ နေအိမ်တွင် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံ နှစ်ယောက်က ဒီနေ့အထိပြန်မလွတ်သေးဘဲ ဖမ်းဆီးခံထားရတာ ( ၅ ) လကျော်ရှိသွားပြီဖြစ်လို့ ပြည်သူတွေကလည်း အရမ်းသတိရနေကြတာဖြစ်ပါတယ်။

ပြေတီဦးတို့ဇနီးမောင်နှံနဲ့ ထောင်တွင်းမှာ တွေ့ဆုံခဲ့ရတဲ့ လူငယ်တွေ ကလည်း အရမ်းသတ္တိရှိကြတဲ့ သူတို့နှစ်ယောက်ကို လေးစားပြီး ချီးကျူးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း လူငယ်တစ်ဦးက ဦးတီနဲ့ အူဝဲတို့ရဲ့အဖြစ်အပျက်လေးတစ်ခုကို ရေးသားလာခဲ့ တာဖြစ်ပါတယ်။ထောင်မှာဆိုရင် တရားဝင်လင်မယားတွေ အချုပ်အတူတူ ကျတဲ့အခါ (၂)ပတ်မှ တစ်ခါပဲ တွေ့ခွင့်ရှိတာ ဖြစ်ပါတယ်။အဲ့ဒီတစ်ရက်ကတော့ တနင်္ဂနွေနေ့ဖြစ်ပြီး ဦးတီကလည်း အူဝဲဆီကိုသွားတွေ့ခဲ့တာဖြစ်ပါတယ်။

ချစ်ဇနီးလေး နဲ့ တွေ့ရတော့မယ့် ဦးတီက သေချာဖြီးလိမ်းပြင်ဆင်ကာ သွားတွေ့ခဲ့ပေမယ့် မျက်နှာကြီး ဆူပုတ်ပြီးပြန်လာတာဖြစ်ပါတယ်။အဲ့ဒီလူငယ်လေးလည်း ဘာဖြစ်တာလဲဆိုပြီး မသိမသာလေး မေးကြည့်တဲ့အခါမှာ နို့ထမင်းလှူတာ စာရင်းလွဲ နေတာကြောင့် အူဝဲက ဆူလိုက်တာလို့ သိရပါတယ်။အူဝဲဆူလိုက်လို့ တစ်နေကုန် ထိုင်စိတ်ကောက်နေတဲ့ ဦးတီ ရဲ့ ငိုရခက်ရယ်ရခက် အခြေအနေလေးကို ပြည်သူတွေလည်း ဖတ်ရအောင်လို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Credit:MM LOAD

ZAWGYI

ျပည္သူခ်စ္ မင္းသား ၊ မင္းသမီး​ေတြျဖစ္တဲ့ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္ တို႔ဇနီးေမာင္ႏွံကေတာ့ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြကိုရရွိထားတာျဖစ္ပါတယ္။ဧၿပီလ (၉)ရက္ေန႔ကေတာ့ ေျပတီဦး တို႔ ဇနီးေမာင္ႏွံ ႏွစ္ေယာက္လုံးက ၅၀၅ (က) ပုဒ္မနဲ႔ ေနအိမ္တြင္ ဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္။သူတို႔ဇနီးေမာင္ႏွံ ႏွစ္ေယာက္က ဒီေန႔အထိျပန္မလြတ္ေသးဘဲ ဖမ္းဆီးခံထားရတာ ( ၅ ) လေက်ာ္ရွိသြားၿပီျဖစ္လို႔ ျပည္သူေတြကလည္း အရမ္းသတိရေနၾကတာျဖစ္ပါတယ္။

ေျပတီဦးတို႔ဇနီးေမာင္ႏွံနဲ႔ ေထာင္တြင္းမွာ ေတြ႕ဆုံခဲ့ရတဲ့ လူငယ္ေတြ ကလည္း အရမ္းသတၱိရွိၾကတဲ့ သူတို႔ႏွစ္ေယာက္ကို ေလးစားၿပီး ခ်ီးက်ဴးေနၾကတာျဖစ္ပါတယ္။အခုဆိုရင္လည္း လူငယ္တစ္ဦးက ဦးတီနဲ႔ အူဝဲတို႔ရဲ့အျဖစ္အပ်က္ေလးတစ္ခုကို ေရးသားလာခဲ့ တာျဖစ္ပါတယ္။ေထာင္မွာဆိုရင္ တရားဝင္လင္မယားေတြ အခ်ဳပ္အတူတူ က်တဲ့အခါ (၂)ပတ္မွ တစ္ခါပဲ ေတြ႕ခြင့္ရွိတာ ျဖစ္ပါတယ္။အဲ့ဒီတစ္ရက္ကေတာ့ တနဂၤေႏြေန႔ျဖစ္ၿပီး ဦးတီကလည္း အူဝဲဆီကိုသြားေတြ႕ခဲ့တာျဖစ္ပါတယ္။

ခ်စ္ဇနီးေလး နဲ႔ ေတြ႕ရေတာ့မယ့္ ဦးတီက ေသခ်ာၿဖီးလိမ္းျပင္ဆင္ကာ သြားေတြ႕ခဲ့ေပမယ့္ မ်က္ႏွာႀကီး ဆူပုတ္ၿပီးျပန္လာတာျဖစ္ပါတယ္။အဲ့ဒီလူငယ္ေလးလည္း ဘာျဖစ္တာလဲဆိုၿပီး မသိမသာေလး ေမးၾကည့္တဲ့အခါမွာ နို႔ထမင္းလႉတာ စာရင္းလြဲ ေနတာေၾကာင့္ အူဝဲက ဆူလိုက္တာလို႔ သိရပါတယ္။အူဝဲဆူလိုက္လို႔ တစ္ေနကုန္ ထိုင္စိတ္ေကာက္ေနတဲ့ ဦးတီ ရဲ့ ငိုရခက္ရယ္ရခက္ အေျခအေနေလးကို ျပည္သူေတြလည္း ဖတ္ရေအာင္လို႔ ျပန္လည္ မၽွေဝေပးလိုက္ပါတယ္။

Credit:MM LOAD