မိသားစု တစ္ခုေပ်ာ္ရႊင္ဖို႔ဆိုတာ အျပန္အလွန္ ခ်စ္ျခင္းေမတၱာနဲ႔ တစ္ေယာက္နဲ႔ တစ္ေယာက္ ေႏြးေထြးမႈေတြလိုအပ္ပါတယ္။ အာဘြိဳင္း နဲ႔ ျမတ္ရတနာေက်ာ္တို႔မိသားစုေလးဟာ ခ်စ္ျခင္းေမတၱာ ေတြနဲ႔တည္ေဆာက္ထားတာေၾကာင့္ ျမင္ရသူတိုင္း ၾကည္ႏူးစရာ ျဖစ္ေနခဲ့ပါတယ္။ ခ်စ္ဇနီးနဲ႔ သမီးအေပၚ ခင္ပြန္းေကာင္း ဖခင္ေကာင္းပီသေအာင္ေနတဲ့ အာဘြိဳင္းဟာ မိသားစုကို ျမတ္နိုးတန္ဖိုးထား သူတစ္ေယာက္ပါ။

လက္ရွိမွာလည္း ျမတ္က ဒုတိယရင္ ေသြးေလးကို ကိုယ္ဝန္လြယ္ထားရၿပီျဖစ္ၿပီး ကိုယ္ဝန္ေၾကာင့္ မအီမသာ ျဖစ္ေနတဲ့အခ်ိန္မွာ အာဘြိဳင္းက ခင္ပြန္းေကာင္းပီသစြာနဲ႔ အနားမွာေနၿပီး ဂ႐ုစိုက္ေပးခဲ့ပါတယ္။ အိပ္ယာထဲမွာပဲ လွဲေနရတဲ့ခ်စ္ဇနီး ေလးစိတ္ေပ်ာ္ေအာင္ မိသားစုသုံးေယာက္အတူ Staycation ထြက္ခဲ့ပါေသးတယ္။

တစ္ေယာက္တည္းရွိေနမယ့္အစား ခ်စ္ရတဲ့ခင္ပြန္းနဲ႔ သမီးေလးက အနားမွာ ရွိေနေတာ့ ျမတ္အတြက္ပိုၿပီးေပ်ာ္စရာျဖစ္ေနခဲ့ပုံပါ။ အျဖဴေရာင္အကၤ်ီဆင္တူေလးေတြနဲ႔ ခ်စ္ဖို႔ေကာင္းလြန္းတဲ့ မိသားစုသုံးေယာက္ ရဲ့ပုံေလးဟာ ၾကည့္လိုက္တာနဲ႔ ၾကည္ႏူးသြားေစတာမို႔ ပရိသတ္ႀကီး အတြက္ ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္။

Happy – Cele Zone
Photo – Our Travel Diaries

unicode

မိသားစု တစ်ခုပျော်ရွှင်ဖို့ဆိုတာ အပြန်အလှန် ချစ်ခြင်းမေတ္တာနဲ့ တစ်ယောက်နဲ့ တစ်ယောက် နွေးထွေးမှုတွေလိုအပ်ပါတယ်။ အာဘွိုင်း နဲ့ မြတ်ရတနာကျော်တို့မိသားစုလေးဟာ ချစ်ခြင်းမေတ္တာ တွေနဲ့တည်ဆောက်ထားတာကြောင့် မြင်ရသူတိုင်း ကြည်နူးစရာ ဖြစ်နေခဲ့ပါတယ်။ ချစ်ဇနီးနဲ့ သမီးအပေါ် ခင်ပွန်းကောင်း ဖခင်ကောင်းပီသအောင်နေတဲ့ အာဘွိုင်းဟာ မိသားစုကို မြတ်နိုးတန်ဖိုးထား သူတစ်ယောက်ပါ။

လက်ရှိမှာလည်း မြတ်က ဒုတိယရင် သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီဖြစ်ပြီး ကိုယ်ဝန်ကြောင့် မအီမသာ ဖြစ်နေတဲ့အချိန်မှာ အာဘွိုင်းက ခင်ပွန်းကောင်းပီသစွာနဲ့ အနားမှာနေပြီး ဂရုစိုက်ပေးခဲ့ပါတယ်။ အိပ်ယာထဲမှာပဲ လှဲနေရတဲ့ချစ်ဇနီး လေးစိတ်ပျော်အောင် မိသားစုသုံးယောက်အတူ Staycation ထွက်ခဲ့ပါသေးတယ်။

တစ်ယောက်တည်းရှိနေမယ့်အစား ချစ်ရတဲ့ခင်ပွန်းနဲ့ သမီးလေးက အနားမှာ ရှိနေတော့ မြတ်အတွက်ပိုပြီးပျော်စရာဖြစ်နေခဲ့ပုံပါ။ အဖြူရောင်အင်္ကျီဆင်တူလေးတွေနဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ မိသားစုသုံးယောက် ရဲ့ပုံလေးဟာ ကြည့်လိုက်တာနဲ့ ကြည်နူးသွားစေတာမို့ ပရိသတ်ကြီး အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Happy – Cele Zone
Photo – Our Travel Diaries