



UNICODE

တစ်နိုင်ငံလုံး က ပရိသတ်တွေ ချစ်ကြတဲ့ မင်းသားချော ပြေတီဦး နဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင် တို့ ကတော့ အကယ်ဒမီဆုကြီးတွေ ကို အသီးသီးရရှိထားကြပြီး ထိပ်ဆုံးကနေ အောင်မြင်နေ ကြသူတွေ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင် နဲ့ ပြေတီဦး တို့ကတော့ ပရိသတ်တွေ အတွက် အနုပညာအလုပ် တွေမှာ တာဝန်ကျေ ကြသလို သူတို့ ရဲ့ မိသားစုလေး အတွက်လည်း မိဘကောင်းပီသ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် တို့က ချစ်စရာကောင်းတဲ့ သမီးကြီး ပြေသုဒြာ နဲ့ သားငယ် ပြေဓီရ တို့နဲ့ အတူတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေး ကို တည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ (၄) ရက် နေ့ မှာ တော့ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီး မောင်နှံက မင်္ဂလာသက်တမ်း (၁၀) နှစ်ပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ပြေတီဦးကတော့ သူတို့ ဇနီးမောင်နှံ နှစ်ယောက် ရဲ့ (၁၀) နှစ်ပြည့် Anniversary နေ့မှာ ချစ်ဇနီး အိန္ဒြာကျော်ဇင် ရဲ့ အကြိုက်ကို သိပြီး လက်ဆောင်လေး တစ်ခုပေးခဲ့တာကြောင့် အိန္ဒြာကျော်ဇင်က “My Love က စပရိုက် တိုက်ပြီးပေးတာ.. iPad pro လေး လိုချင်နေတာနဲ့ ကွက်စတိ” ဆိုပြီး သူမလိုချင် နေတဲ့ iPad pro လေး ကို ပြေတီဦးဆီ က လက်ဆောင် ရရှိခဲ့ကြောင်း ပြောလာပါတယ်။

ပြေတီဦး ကတော့ ချစ်ဇနီး လိုချင်တာကို သိပြီး သိန်း(၂၀) တန်ဖိုးရှိတဲ့ iPad pro လေးကို Surprise တိုက် လက်ဆောင် ပေးခဲ့တာပဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကလည်း ပြေတီဦးကို ဘယ်လိုလက်ဆောင်မျိုးလေး ပေးလဲဆိုတာ စိတ်ဝင် စားစရာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Eaindra Kyaw Zin’s fb
Bilie – Cele Connections