


Happy – Cele Zone
Photo – Nay Win

UNICODE

ချစ်သူ သက်တမ်း (၁၁) နှစ် အကြာမှာတော့ နှစ်ယောက် တစ်ဘဝ ထူထောင်နိုင်ခဲ့တဲ့ နေဝင်း နဲ့ အိမ့်ချစ်ချော တို့ရဲ့ ဇနီးမောင်နှံ ဘဝလေး ဟာ အရမ်းကိုကြည်နူးစရာ ကောင်းလွန်းပါတယ်။ ကိုယ်စီအလုပ်တွေ နဲ့ အောင်မြင်နေ ကြသူတွေဖြစ် သလို တစ်ယောက် ရဲ့ လိုအပ်ချက်ကို လည်း တစ်ယောက်က ဖြည့်ဆည်းပေးဖို့ အမြဲတမ်း အသင့်ဖြစ်နေကြ ပါတယ်။

နားလည်မှု ဆိုတာ ညှိယူစရာမ လိုလောက်အောင်ကို ရှိသွားခဲ့တဲ့ အရာမို့လို့ ရဲရဲကြီး ရွှေလက်တွဲခဲ့ ကြသူတွေပါ။ ချစ်ဇနီးလေး စိတ်တိုင်း ကျ အရာ အားလုံးပျော်ရွှင်အောင် ထားတတ်တဲ့ ဦးနေဝင်း ကြောင့် ချော ရဲ့ နေ့ရက်တွေမှာ အပြုံး ဆိုတာ ပျောက်မသွားနိုင်ခဲ့တဲ့ အရာ တစ်ခုပါ။ အချိန်တွေ အကြာကြီး လက်တွဲလာခဲ့လည်း နောက်ထပ် အချိန်တွေ အကြာကြီးထိ အတူတူရှိချင် နေသေးတဲ့ ဦးနေဝင်း ရဲ့ ဆန္ဒလေးကချစ်စရာကောင်းလွန်းပါတယ်။

ချစ်ဇနီးလေး အတွက် Anniversary Wish လေးကို ” Happy 118 Anniversary ချစ်ဆုံးလေး ဒီနေ့ထိ အနားမှာ ဂျီကျပေးလို့ ကျေးဇူး ပါကွာ နောက်နှစ်တွေများ စွာထိ ဂျီကျပေးအုံးနော် Marry Christmas ” ဆိုပြီး ရိုဆန်ဆန် ပြောခဲ့ပါသေးတယ်။ ချစ်စရာ ဇနီးမောင်နံ လေးရဲ့ ပုံရိပ်လေး ကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Happy – Cele Zone
Photo – Nay Win