သိပ္ခ်စ္ခဲ့ရၿပီး အတူတူရွိဖို႔ အမ်ားႀကီးႀကိဳးစားခဲ့ရတဲ့ နိုင္းဝမ္းဟာ ခ်စ္ဇနီးေလး နဲ႔ မဂၤလာသက္တမ္း (၁) လျပည့္တဲ့ ေန႔မွာေတာ့ နယ္ေဝးေတြခရီးမထြက္နိုင္ခဲ့ေပမယ့္ ရန္ကုန္ၿမိဳ႕တြင္းက ေအးခ်မ္းၿပီးေနလို႔ ေကာင္းတဲ့ေနရာတစ္ခုကို ခင္မင္ရတဲ့ သူငယ္ခ်င္းေတြနဲ႔ Camping ထြက္လာခဲ့ပါတယ္။ မဂၤလာေဆာင္ၿပီးကတည္းက ဟန္းနီးမြန္းမထြက္ရေသးတာ ေၾကာင့္ ခ်စ္ဇနီးေလးေပ်ာ္ ေအာင္ စီစဥ္ေပးခဲ့တာပဲျဖစ္ပါတယ္။

အရမ္းကိုျမတ္နိုးတန္ဖိုးထားၿပီးခ်စ္ရတဲ့ ဇနီးသည္ေလးမို႔ အရာရာ တိုင္းျဖည့္ဆည္းေပးခ်င္ၿပီး ခ်စ္ဇနီးေပ်ာ္ေအာင္ အမ်ိဳးမ်ိဳး ဖန္တီးေပးခဲ့ပါတယ္။ လက္ထပ္ယူတဲ့အခါမွာလည္း ကိုယ္တိုင္စုထားတဲ့ေငြေၾကးေတြနဲ႔ တန္ဖိုးထားၿပီး တင္ေတာင္းခဲ့တာျဖစ္ပါ တယ္။ ခ်စ္သူသက္တမ္း အၾကာႀကီးေနမွ တစ္ေယာက္အေၾကာင္းတစ္ေယာက္နားလည္လက္ခံၿပီး လက္ထပ္ယူခဲ့တာမို႔ ႏွစ္ေယာက္သားရဲ့ေရႊလက္ေတြက ခိုင္ျမဲေနမွာပါ။

မဂၤလာသက္တမ္း (၁) လ ျပည့္ရဲ့ ၾကည္ႏူးစရာပုံေလးေတြကို ” Happy One Month Anniversary ပါ ခ်စ္မိန္းမေရ အိမ္ေထာင္ သည္ဘဝ တစ္လျပည့္ေသာေန႔ေလး မဂၤလာေဆာင္ၿပီးကတည္းက ငဗစ္ေၾကာင့္ မိန္းမကို ဟန္းနီးမြန္း ခရီးမပို႔ရေသးေပမဲ့ ဒီညေလးမွာေတာ့ မိန္းမ နဲ႔အတူ ေတာထဲေတာင္ထဲလၽွိုထဲမွာ တဲေလးထိုးလို႔အိပ္ၾကမယ္ေဟ့ ” ဆိုၿပီး နိုင္းဝမ္းက လူမႈကြန္ရက္မွာ ေဝမၽွခဲ့ပါတယ္။

Happy – Cele Zone
Photo – Kyaw Zin Latt

unicode

သိပ်ချစ်ခဲ့ရပြီး အတူတူရှိဖို့ အများကြီးကြိုးစားခဲ့ရတဲ့ နိုင်းဝမ်းဟာ ချစ်ဇနီးလေး နဲ့ မင်္ဂလာသက်တမ်း (၁) လပြည့်တဲ့ နေ့မှာတော့ နယ်ဝေးတွေခရီးမထွက်နိုင်ခဲ့ပေမယ့် ရန်ကုန်မြို့တွင်းက အေးချမ်းပြီးနေလို့ ကောင်းတဲ့နေရာတစ်ခုကို ခင်မင်ရတဲ့ သူငယ်ချင်းတွေနဲ့ Camping ထွက်လာခဲ့ပါတယ်။ မင်္ဂလာဆောင်ပြီးကတည်းက ဟန်းနီးမွန်းမထွက်ရသေးတာ ကြောင့် ချစ်ဇနီးလေးပျော် အောင် စီစဉ်ပေးခဲ့တာပဲဖြစ်ပါတယ်။

အရမ်းကိုမြတ်နိုးတန်ဖိုးထားပြီးချစ်ရတဲ့ ဇနီးသည်လေးမို့ အရာရာ တိုင်းဖြည့်ဆည်းပေးချင်ပြီး ချစ်ဇနီးပျော်အောင် အမျိုးမျိုး ဖန်တီးပေးခဲ့ပါတယ်။ လက်ထပ်ယူတဲ့အခါမှာလည်း ကိုယ်တိုင်စုထားတဲ့ငွေကြေးတွေနဲ့ တန်ဖိုးထားပြီး တင်တောင်းခဲ့တာဖြစ်ပါ တယ်။ ချစ်သူသက်တမ်း အကြာကြီးနေမှ တစ်ယောက်အကြောင်းတစ်ယောက်နားလည်လက်ခံပြီး လက်ထပ်ယူခဲ့တာမို့ နှစ်ယောက်သားရဲ့ရွှေလက်တွေက ခိုင်မြဲနေမှာပါ။

မင်္ဂလာသက်တမ်း (၁) လ ပြည့်ရဲ့ ကြည်နူးစရာပုံလေးတွေကို ” Happy One Month Anniversary ပါ ချစ်မိန်းမရေ အိမ်ထောင် သည်ဘဝ တစ်လပြည့်သောနေ့လေး မင်္ဂလာဆောင်ပြီးကတည်းက ငဗစ်ကြောင့် မိန်းမကို ဟန်းနီးမွန်း ခရီးမပို့ရသေးပေမဲ့ ဒီညလေးမှာတော့ မိန်းမ နဲ့အတူ တောထဲတောင်ထဲလျှိုထဲမှာ တဲလေးထိုးလို့အိပ်ကြမယ်ဟေ့ ” ဆိုပြီး နိုင်းဝမ်းက လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Kyaw Zin Latt