ပရိသတ္ႀကီးေရ ေတးသံရွင္ Ah boy နဲ႔ သ႐ုပ္ေဆာင္ ျမတ္ရတနာေက်ာ္ တို႔ ဇနီးေမာင္ႏွံကေတာ့ ခ်စ္စရာေကာင္းတဲ့ သမီးေလးတစ္ေယာက္ ကို ပိုင္ဆိုင္ထားၿပီး သာယာတဲ့မိသားစုဘဝေလးကို တည္ေဆာက္ ထားၾကတဲ့ အႏုပညာရွင္ဆယ္လီစုံတြဲပါ ။ ဒါ့အျပင္ Our Travel Diaries ဆိုတဲ့ Page ေလးမွာ သူမတို႔ရဲ့ ခရီးသြားပုံရိပ္ေလးေတြနဲ႔အတူ Activities ေတြကို ပရိသတ္ေတြကို ေဝမၽွေပးေနတာပါ ။

Ah boy နဲ႔ ျမတ္ရတနာ ေက်ာ္တို႔ရဲ့ ပထမဆုံး ကေလးေလး ျဖစ္တဲ့ Scarlett ေလးကလည္း အရမ္းကိုခ်စ္ဖို႔ ေကာင္းလြန္းလို႔ ပရိသတ္ေတြက အခ်စ္ပိုေနရတာပါ ။ လတ္တေလာမွာေတာ့ Ah boy က ဝမ္းသာစရာ သတင္းေကာင္းေလးတစ္ခုကို ပရိသတ္ေတြကို မၽွေဝေပးလာခဲ့ပါတယ္ ။ အဲဒီသတင္းေကာင္းေလးကေတာ့ ခ်စ္ဇနီးေလး ျမတ္ရတနာေက်ာ္က ေနာက္ထပ္ ဒုတိယေျမာက္ ကိုယ္ဝန္ေလးကို လြယ္ထားရၿပီ ဆိုတဲ့သတင္းေလးပဲျဖစ္ပါတယ္ ။

ဒီသတင္းေကာင္းေလးကိုေတာ့ Ah boy က Scarlett ေလး အငယ္ဆုံး မဟုတ္ေတာ့ ဘူးဆိုတဲ့စာသားေလးနဲ႔အတူ လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန ေရးသားေဖာ္ျပခဲ့တာပါ ။ အႏုပညာရွင္ညီအစ္ကို ေမာင္ႏွမေတြ နဲ႔အတူ ပရိသတ္ႀကီးကလည္း ဒီသတင္းေကာင္းေလး အတြက္ ဂုဏ္ယူဝမ္းေျမာက္ေၾကာင္းမွတ္ခ်က္ေလးေတြ ေရးသားခဲ့ၾကပါတယ္ ။

Source : Ah boy
Emily (Cele Gabar)

unicode

ပရိသတ်ကြီးရေ တေးသံရှင် Ah boy နဲ့ သရုပ်ဆောင် မြတ်ရတနာကျော် တို့ ဇနီးမောင်နှံကတော့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက် ကို ပိုင်ဆိုင်ထားပြီး သာယာတဲ့မိသားစုဘဝလေးကို တည်ဆောက် ထားကြတဲ့ အနုပညာရှင်ဆယ်လီစုံတွဲပါ ။ ဒါ့အပြင် Our Travel Diaries ဆိုတဲ့ Page လေးမှာ သူမတို့ရဲ့ ခရီးသွားပုံရိပ်လေးတွေနဲ့အတူ Activities တွေကို ပရိသတ်တွေကို ဝေမျှပေးနေတာပါ ။

Ah boy နဲ့ မြတ်ရတနာ ကျော်တို့ရဲ့ ပထမဆုံး ကလေးလေး ဖြစ်တဲ့ Scarlett လေးကလည်း အရမ်းကိုချစ်ဖို့ ကောင်းလွန်းလို့ ပရိသတ်တွေက အချစ်ပိုနေရတာပါ ။ လတ်တလောမှာတော့ Ah boy က ဝမ်းသာစရာ သတင်းကောင်းလေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ အဲဒီသတင်းကောင်းလေးကတော့ ချစ်ဇနီးလေး မြတ်ရတနာကျော်က နောက်ထပ် ဒုတိယမြောက် ကိုယ်ဝန်လေးကို လွယ်ထားရပြီ ဆိုတဲ့သတင်းလေးပဲဖြစ်ပါတယ် ။

ဒီသတင်းကောင်းလေးကိုတော့ Ah boy က Scarlett လေး အငယ်ဆုံး မဟုတ်တော့ ဘူးဆိုတဲ့စာသားလေးနဲ့အတူ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့တာပါ ။ အနုပညာရှင်ညီအစ်ကို မောင်နှမတွေ နဲ့အတူ ပရိသတ်ကြီးကလည်း ဒီသတင်းကောင်းလေး အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းမှတ်ချက်လေးတွေ ရေးသားခဲ့ကြပါတယ် ။

Source : Ah boy
Emily (Cele Gabar)