


Happy – Cele Zone
Photo – Htet Htet Moe Oo

UNICODE

အသံချိုချို လေးနဲ့ အရမ်းကို ချွဲတတ်တဲ့ ထက်ထက် ဟာ ချစ်စရာ Tik Tok လေး ရိုက်ခဲ့ပြီး ပရိသတ် တွေအတွက် ဝေမျှ ပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်က အတိုင်း လေးပဲ မပြောင်းမလဲ ချစ်ဖို့ ကောင်းတဲ့ အမူအရာလေး တွေဟာ ထက်ထက် ရဲ့ အားသာချက် တစ်ခု ပါပဲ။ တစ်ကျော့ ပြန်အောင် မြင်လာတဲ့အချိန်မှာ လည်း အရင်တုန်းက ပုံစံလေး အတိုင်း ပရိသတ်တွေ က ကြိုဆိုပြီး ချစ်ပေး ကြပါတယ်။

ကြော်ငြာ ဘုရင်မလေး ရဲ့ လက် နဲ့ ထိ တိုင်းရွှေဖြစ်သွားတဲ့ ပစ္စည်းတွေဟာ လည်း အားပေး သူတွေ အများကြီး ရှိလာခဲ့ပါတယ်။ ရွှေတွေ စိန်တွေ ရောင်းတဲ့အပြင် ကားတွေ နဲ့ ကွန်ဒိုခန်းတွေ ကိုပါ Live လွှင့်ပြီး သူမတူ အောင်ရောင်းချ နိုင်ခဲ့တဲ့ ထက်ထက် ရဲ့ အစွမ်းရဲ့ ဆန်းကတော့ တကယ့်ကို အံ့မခန်းပါပဲ။ အသံလေးကလည်း ချစ်ဖို့ ကောင်းသလို အပြုံးလေး နဲ့ အမူအရာ လေးတွေ ကလည်း ချစ်ဖို့ ကောင်းလွန်းသူပါ။

အသက်လေးဆယ် ကျော်အရွယ်ထိ ကလေးလေး တစ်ယောက်လို မျိုးချစ်ဖို့ ကောင်းပြီး ပရိသတ်တွေ ရဲ့ အသည်းကို သိမ်းပိုက် ထားနိုင် ဆဲပါပဲ။ အလှူအတန်းတွေလည်း လုပ်သလို ဘုရားတရား လည်းကိုင်းရှိုင်း တာကြောင့် သူမ ရဲ့ ချစ်ပရိသတ် တွေက တစ်ရက်ထက် တစ်ရက် ပိုတိုး ချစ်လာ ခဲ့ပါတယ်။ ဒီနေ့မှာလည်း ထက်ထက်ရဲ့ Tik Tok လေးကို ပရိသတ်ကြီး အတွက် ပြန်လည် တင်ဆက် ပေးလိုက် ပါတယ်။

Happy – Cele Zone
Photo – Htet Htet Moe Oo