



unicode

စွဲဆောင်မှု ရှိတဲ့ အသံနဲ့ သီချင်းတွေ ကို သီဆိုပြီး ပရိသတ်တွေ ရင်ထဲ ရောက်ခဲ့တဲ့ ပရိသတ် အချစ်တော် စန္ဒီမြင့် လွင် ကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ စန္ဒီမြင့်လွင်ဟာ သူမအပေါ် အရမ်းကို ကြင်နာယုယ ပြီး ဂရုဆိုက် တက်တဲ့ ခင်ပွန်းသယ်နဲ့ အတူ အလွန်ချစ်ဖို့ ကောင်းတဲ့ ပါးဖောင်းဖောင်းလေးနဲ့ သမီးလေး ခင်လင်းထင်ကိုမွေးဖွားထားပြီး သာယာတဲ့ မိသားစုလေးကို ရရှိပိုင်ဆိုင် ထားတာပဲ ဖြစ်ပါတယ်။သမီးလေး ခင်လင်းထင်လေးဟာ ပရိသတ်တွေက ချစ်စနိုးနဲ့ Treasureလေးလို့ခေါ်ကြတာကို ခံနေရတာပဲ ဖြစ်ပါတယ်။

Treasureလေးကလည်း တစ်နေ့တစ်ခြား မျက်စိရှေ့မှာတင် ထွားထွား လာပြီး ပိုပိုချစ်ဖို့ ကောင်းလာတာပဲ ဖြစ်ပါတယ်။ မေမေစန္ဒီမြင့်လွင် ကလည်း Treasure လေးရဲ့ တစ်နေ့တာ ပုံရိပ်လေးတွေ ကို တင်ပြီး ချပြလေ့ရှိတာကြောင့် ယခုချိန်မှာ Treasureလေးဟာ ပရိသတ်တွေ တောင် အခိုင်အမာ ရရှိနေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေက Treasureလေးကို သည်းသည်း လှုပ်ချစ်တာကို မြင်ရတော့ စန္ဒီမြင့်လွင် ခင်ဗျာ ပီတိတွေ ဖြစ်နေရတာပဲ ဖြစ်ပါတယ်။

ယခုအခါမှာလည်း အရမ်းကို ချစ်ဖို့ကောင်း နေတဲ့ သမီးလေး ခင်လင်းထင်ရဲ့ ပုံရိပ်လေးတွေကို ချပြလာတာပဲ ဖြစ်ပါတယ်။ ပါးမို့မို့ ာင်းဖောင်းလေးနဲ့ နှုတ်ခမ်းလေး ထော်ကာ ချစ်ဖို့ကောင်း နေတာကြောင့် ပရိသတ်တွေ အသည်းယားပြီး ချစ်နေ ကြတော့မှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒီပုံလေးထဲမှာ Treasureလေးဟာ အရမ်းကို စတိုင်ကျ နေပြီး အပစ်ကင်းတဲ့ မျက်နှာလေးနဲ့ စွဲဆောင်မှု ရှိနေတာပဲ ဖြစ်ပါတယ်။ကဲ…..ပရိသတ်ကြီးတို့ကလည်း သမီးလေး ခင်လင်းထင်ရဲ့ ပုံရိပ်လေးတွေ ကိုကြည့်ပြီး ချစ်တယ်ဆို အသည်းလေးတွေ ပေးခဲ့ဖို့ မမေ့ကြနဲ့ဦးနော်…..။

သတင်းအရင်းမြစ်: Sandi Myint Lwin Facebook account