



unicode

ကြွေရုပ်လေးတစ်ရုပ် လို နုနုရွရွလေး နဲ့ အရမ်းလှတဲ့ နန်းဆုရတီစိုး ကတော့ ဆယ်စုနှစ်ကျော်တိုင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာ ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ နန်းဆုရတီစိုး ကတော့ ပရိသတ်တွေအတွက် အနုပညာလှုပ်ရှား မှုတွေကို အမြဲမပြတ် ပြုလုပ်သလို တစ်ဖက် မှာလည်း သူမရဲ့ အချစ်ရေးလေးကို သာယာပျော်ရွှင်ဖွယ် ဖြစ်အောင် တည်ဆောက်ထား တာ ဖြစ်ပါတယ်။ နန်းဆုရတီစိုး ကတော့ သူမရဲ့ အချစ်ရေးနဲ့ ပက်သတ်ပြီး ပရိသတ်တွေ ကို ချပြလေ့ရှိ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ချစ်သူလေးဆီက ဂရုစိုက်ယုယမှု တွေကို ရရှိတဲ့ နန်းဆုရတီစိုး က ဒီကနေ့ ဇန်နဝါရီလ (၆) ရက်နေ့မှာ ကျရောက် တဲ့ ချစ်သူကောင်လေး အတွက် မွေးနေ့လက်ဆောင်လေးပေးပြီး အတူတူ ရှိနေခဲ့ပေးတာကို တွေ့ရပါတယ်။ နန်းဆုရတီစိုး က သူမရဲ့ချစ်သူကောင်လေးအ တွက် နောက်ဆုံးပေါ် PlayStation 5 ဂိမ်းစက်ကြီးကိုဝယ်ပေးပြီး အမှတ်တရမွေးနေ့လက်ဆောင် ပေးဖြစ်တဲ့အကြောင်း သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ မှာ ပြောလာပါတယ်။

နန်းဆုရတီစိုး ကတော့ ချစ်သူကောင်လေး အတွက် တကယ့်အမိုက်စား လက်ဆောင်ကြီးကို လက်ဆောင်ပေးခဲ့ တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း နန်းဆုရတီစိုးအရမ်းချစ်တဲ့ ချစ်သူကောင်လေး ကို အရမ်းသိချင်နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင် တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nansu Yati Soe’s fb