ပရိတ်သတ်ကြီးရေ မင်းသားကြီး ဝေဠုကျော် ကတော့ တစ်ခေတ်တစ်ချိန် ကတည်းက အနုပညာ လောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာ ဖြစ်ပါတယ် ။ဝေဠုကျော်က သဘာဝ ကျပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေ နဲ့ အတူ ဇာတ်ရုပ်တိုင်းကို အသက် ဝင်လာအောင် ဖန်တီးနိုင်စွမ်းရှိ သူလည်း ဖြစ်ပါတယ် ။လက်ရှိမှာတော့ ဝေဠုကျော် က အနုပညာအလုပ်တွေ နဲ့ ဝေးကွာခဲ့တာ အချိန်အတော်ကြာရှိနေပြီ ဖြစ်ပြီး ပရဟိတလုပ်ငန်းတွေကိုသာ လုပ်ကိုင်နေတာ ဖြစ်ပါတယ်
။ဝေဠုကျော်က “ဝေဠုကျော် ဖောင်ဒေးရှင်း” ကိုတည်ထောင် ထားပြီး အများကောင်းကျိုးသယ်ပိုးတဲ့ ပရဟိတ အလုပ်တွေကို သူကိုယ်တိုင် ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ပရိသတ်တွေကလည်း ဝေဠုကျော် ကို အခုချိန်အထိ တိုင်အောင် အားပေး ချစ်ခင်နေကြဆဲ ဖြစ်ပါတယ် ။ဒီကနေ့မှာ ဆိုရင် ဝေဠုကျော်က သူ့ ရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ချစ်ရတဲ့ သူလေးလက်ထပ်လိုက်ဆိုတဲ့ အကြောင်းကို ပရိတ်သတ်ကြီးအား အသိပေးလာခဲ့တာပဲဖြဟ်ပါတယ်နော်.
.ဝေဠုကျော်က “နှစ်ဖက်သော မိဖများ၏သဘောတူခွင့်ပြုအရ လက်ထပ် ထိမ်းမြား မင်္ဂလာပွဲကျင်းပပြုလုပ်ပြီးစီးခဲ့ပါပြီ။ ဝေဠုကျော် +ရေကြည်ချမ်းမြကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါတယ် ခင်ဗျာ”ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် အသိပေးလိုက်တာပဲဖြဟ်ပါတယ်နော်။ လူပျိုကြီးဝေဠုကျော်ကိုချစ်တဲ့ ပရိတ်သတ်တွေအားလုံးလည်း ပုံလေးတွေကို ကြည့်ပြီး ဆုတောင်းစကားလေး ရေးပေးခဲ့ကြပါအုံးနော်…
Credit; Famous Stars
ZAWGYI
Credit; Famous Stars