



unicode

သရုပ်ဆောင် မင်းသမီး ချောလေး တစ်ဦးဖြစ်တဲ့ အကယ်ဒမီ စိုးပြည့်သဇင် ကတော့ ယခု အချိန်မှာ အနုပညာ အလုပ်တွေကို လုပ်ဆောင် နေကာ အနုပညာလမ်းကို ဆက်လက်လျှောက်လှမ်းနေတာ ပဲဖြစ်ပါတယ်။ အနုပညာ မျိုးရိုးက ဆင်းသက် လာပြီး သူမရဲ့ ကြိုးစားမှုတွေကြောင့် နေရာရရှိလာကာ ယခုအချိန်မှာတော့ ပရိသတ်တွေ အားပေးထောက်ခံမှုနဲ့ အတူ နေရာ တစ်ခုထိ ရောက်ရှိ အောင်မြင်နေတာ ပဲဖြစ်ပါတယ်။ ဘယ်ဇာတ်ရုပ် လာလာ ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင် စွမ်းရည် တွေကြောင့် အကယ်ဒမီဆုကြီး ကို လည်း ထိုက်ထိုက်တန်တန် ရရှိခဲ့ပြီး ဖြစ်ပါတယ်။

ခန္ဓာကိုယ်ကလည်း ကျစ်လစ် သွယ်လျ နေပြီး အသားအရည်က ဖြူဖွေး ဝင်းဥနေတာ ကြောင့် ပုရိသတွေ သည်းသည်းလှုပ် ဝန်းရံတာကို ခံနေရတာ ပဲဖြစ်ပါတယ်။ စိုးပြည့်သဇင် ကတော့ သရုပ်ဆောင် အလုပ်ကို ပါမက ဂီတ အလုပ်ကို လည်း လုပ်ဆောင် နေကာ အသံချိုချို သာသာ လေးနဲ့ စွဲဆောင်မှုရှိနေတာ ကြောင့် လူငယ်ပရိသတ်တွေ အကြား သူမရဲ့ သီချင်းလေးတွေဟာ ရေပန်း စားအောင်မြင်နေတာ ပဲဖြစ်ပါတယ်။ လတ်တလောမှာလည်း ကြော်ငြာတွေကို လက်ခံ ရိုက်ကူးနေကာ အနုပညာ အလုပ်တွေ နဲ့ အဆက် အသွယ် မပျက်ရှိနေတာ ပဲဖြစ်ပါတယ်။

ယခုအခါမှာတော့ လက်ဆောင် ပေးလာ လို့ပြောနေတာ နဲ့ ပတ်သတ်ပြီး သူမရဲ့ ပုံလေးတွေ ကိုချပြလာတာ ပဲဖြစ်ပါတယ်။ ချစ်ရတဲ့ သူတစ်ယောက်က လက်ဆောင် ပေးလာတာ ကို လက်ခံ ရရှိပြီး ပျော်နေတာ ပဲဖြစ်ပါတယ်။ လက်ဆောင်လေးတွေ နဲ့ အတူ သူမရဲ့ ပုံလေးတွေကို “စိုးပြည့်ကိုချစ်ခင်အားပေးတဲ့ပရိသတ်တစ်ယောက်ပေးတဲ့…လက်ဆောင်လေးပါရှင့်….ဘယ်သူမှန်း မသိပေမဲ့ကျေးဇူးတင်ပါတယ်ရှင့်…” ဆိုတဲ့ခေါင်းစဉ်လေး တပ်ကာဖော်ပြလာတာ ကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာ ပဲဖြစ်ပါတယ်နော်။ ပရိသတ်တွေ ကလည်း စိုးပြည့်သဇင် ဆက်လျှောက်မယ့် အနုပညာ လမ်းကို ဆက်လက်အားပေး ဝန်းရံ လိုက်ကြပါဦးနော်….။

သတင်းအရင်းမြစ်: Soe Pyae Thazin Facebook Page