


Source : May Mi Ko Ko

unicode

MRTV-4 မင်းသမီးချောလေး မေမီကိုကို ကတော့ ဇာတ်လမ်း တွဲတွေများစွာနဲ့ အားလုံးရဲ့ရင်ထဲအခိုင် အမာရောက်ရှိထားသူလေးမို့ ပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေးစရာမလိုတော့ပါဘူးနော်..။သရုပ်ဆောင်ကောင်းတဲ့ သူမရဲ့ဟန်ပန်လေးတွေနဲ့ ချစ်စရာကောင်းလွန်းတဲ့ပုံရိပ်လေးတွေက ပရိသတ်တွေကို အချစ်ပိုသဘောကျစေပြီး ပွင့်လင်းတဲ့ စိတ်ထားလေးတွေကလည်း သူမရဲ့ဆွဲဆောင် မှုလေးတွေထဲက တစ်ခုပါပဲနော်..။

မေမီလေးကတော့ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်တဲ့ အနုပညာရှင်မင်းသမီး အဖြသ် ရပ်တည်နေသလို သူမရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ပရိသတ်တွေကို အသိပေးပြောပြထားကာ ဝေဖန်မှုတွေကိုလည်း အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်နေသူလေးလည်း ဖြစ်ပါတယ်နော်..။အခုတစ်ခါမှာတော့ မေမီလေးတစ်ယောက် သူမရဲ့ဓာတ်ပုံလှလှ လေးတွေကို ဝေမျှရင်း ချစ်ရသူဆရာဝန်ချောချာလေး နဲ့ ဆုံဆည်းရတဲ့အတွက် ကံကောင်းတဲ့အကြောင်းလေးကို ကြွေလောက်တဲ့ စကားချိုချိုလေ းတွေနဲ့

“စိတ်ထားကောင်းရင် ကံကောင်းတယ်ဆိုတာကို…မင်းနဲ့တွေ့မှ ယုံကြည်သွားတာ…🐭🤎..” ဆိုပြီး မေမီလေးက ရေးသားပြောထား တာဖြစ်ပြီး ပရိသတ်တွေကလည်း သူမရဲ့ အပြောချိုချိုလေးတွေကို သဘောကျနေကြပါ တယ်နော်..။ချစ်စရာကောင်းပြီး အေးချမ်းတဲ့ အလှတရား တွေနဲ့ ကျော့ရှင်းတည်ငြိမ်စွာ လှသွေးကြွယ်နေတဲ့ မင်းသမီးချောလေး မေမီကိုကိုရဲ့ လှရက်လွန်း နေတဲ့ ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေ အားလုံးအတွက် တင်ဆက်ပေးလိုက် ပါတယ်နော်..။

Source : May Mi Ko Ko