



UNICODE

ပရိသတ်ကြီး ရေ ရုတ်တရက် ကြည့်လိုက်ရင် တကယ့် စုံတွဲ တွေလို့ ထင်ရလောက်အောင် လိုက်ဖက် ညီပြီး ချစ်စရာ ကောင်းတဲ့ သူတွေ ကတော့ သရုပ်ဆောင် အောင်မင်းခန့် နဲ့ နန်းစန္ဒာလှထွန်း တို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဆိုရင် အနုပညာ လောကထဲကို ဝင်ရောက် လာခဲ့တာ သိပ့်မကြာသေးပေမယ့် ပရိသတ်တွေ အမှတ်ရစေတဲ့ သူတွေ ဖြစ်ပြီး MRTV ရဲ့ ဇာတ်လမ်း တွဲတွေမှာလည်း ပါဝင် ရိုက်ကူးလေ့ ရှိတာကို တွေ့ရပါတယ်။

အနုပညာ အလုပ်တွေကို အတူတူ လုပ်ကိုင်လျက် ရှိကြတဲ့ သူတို့က ဇာတ်လမ်း တွဲတွေအပြင် Music video တွေနဲ့ Photo shooting တွေကိုလည်း အတူတူရိုက်ကူးလေ့ရှိတာပါ။ ယခုလက်ရှိ( Covid ) ကာလမှာလည်း အောင်မင်းခန့် နဲ့ နန်းစန္ဒာလှထွန်း က photo shooting အတွက် အတွဲ ညီညီ လုပ်ကိုင် လျက်ရှိတာဖြစ်ပြီး လူငယ် ပရိသတ်တွေ အကြိုက်တွေ့ရလောက်အောင် Romantic ဆန်ဆန် ရိုက်ကူးထားတဲ့ ပုံလေး တွေကို တင်ပေးလာခဲ့ပါတယ်။

နန်းစန္ဒာလှထွန်း က သူမရဲ့ Facebook account မှာ ခရစ်စမတ် အတွက် အောင်မင်းခန့် နဲ့ အတူ ရိုက်ကူးထားတဲ့ ပုံရိပ် အလန်းလေးတွေကို ဝေမျှလာတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှု အချစ်ပိုစေရန် အတွက် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ် ။ ကဲ…ပရိသတ် တွေကလည်း အောင်မင်းခန့် နဲ့ နန်းစန္ဒာလှထွန်းရဲ့ ဆက်လက် လျှောက်လှမ်းမယ့် အနုပညာ လှုပ်ရှားမှုလေးတွေကို စောင့်ကြည့် အားပေးလိုက်ကြပါအုန်းနော်…..။

သတင်းအရင်းမြစ်: Source – Nann Sandar Hla Tun’s Facebook Account