



unicode

သရုပ်ဆောင် မင်းသားချောလေး အိစိကွေး ကတော့ ငယ်စဉ်က တည်းက အနုပညာအလုပ်တွေနဲ့ မစိမ်းခဲ့ သူဖြစ်တာကြောင့် ဆယ်ကျော်သက်အရွယ် ရောက်ရှိလာတဲ့ အချိန်မှာလည်း ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများကို အခက်အခဲမရှိ သရုပ်ဆောင်နိုင်လာတာလည်း ဖြစ်ပါတယ်။ သီချင်း ဆိုရတာကိုလည်း ဝါသနာပါသူဖြစ်တာကြောင့် Single Album လေးတွေလည်း ထွက်ရှိထား တာလည်း ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေ နည်းပါးနေချိန်မှာလည်း ကိုယ်တိုင်လက်စွမ်းပြပြီး ဟင်းတွေချက်ကာ ရောင်းချလျက် ရှိနေတာလည်း ဖြစ်ပါတယ်။

အိစိကွေးဟာ မကြာသေးခင် ကလည်း သူ့ရဲ့ချစ်သူကို ထုတ်ပြလိုက်တာပဲ ဖြစ်ပြီး ပရိသတ်တွေကလည်း ကောင်မလေးနဲ့ လိုက်ဖက်လွန်းကြောင်း မှတ်ချက်ပေးနေကြတာလည်း ဖြစ်ပါတယ်။ ချစ်သူလေး နဲ့လည်း Tik Tok တွေ အမြဲဆော့ကစားကာ သူ့ရဲ့ လူမှုကွန်ယက်စာ မျက်နှာတွင် တင်ပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း အိစိကွေးရဲ့ Facebook Story မှာ ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။ဒါကတော့ ချစ်သူ နဲ့အတူရိုနေတဲ့ပုံလေးကိုအင်္ကျီ တွင်စတစ်ကာကပ်ပြီး အမြတ်တနိုးဝတ် ဆင်ကာဘယ်လောက်ချစ်ကြောင်းသက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။

အိစိကွေးရဲ့ ချစ်သူလေးကလည်း အနုပညာ အသိုင်းအဝိုင်းကပဲ ဖြစ်ပြီး မော်ဒယ်အလုပ်ကို Professional လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်အနုပညာအလုပ်တွေ အတူ လုပ်ကိုင်ဖို့အတွက်လည်း ပရိသတ်တွေက စောင့်မျှော်နေကြတာလည်း ဖြစ်ပါတယ်။ ချစ်သူလေးကို အရမ်းချစ်ပြီး ရိုတတ်တဲ့ အိစိကွေးရဲ့သတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Eisi Kway’s Facebook and Tik Tok Account