


Source :YairYintAung

UNICODE

ပရိသတ်ကြီးရေ ရဲရင့်အောင် လို့ ပြောလိုက်တာ နဲ့ ဧငြိမ်းဖြူ ကို တွဲမြင်ကြမယ် ထင်ပါတယ်နော် ။သူတို့ရဲ့ အချစ်ရေး ကတော့ ပရိသတ်တွေကို အထူးမိတ်ဆက်ပေးစရာမလိုတဲ့ အပြင် ခိုင်မြဲတဲ့ တွဲလက်တွေ နဲ့ အတူ အေးတူပူအမျှ လက်တွဲခဲ့ကြတာ သက်တမ်း (၃) နှစ်ကျော်ခဲ့ပြီပဲ ဖြစ်တဲ့ အပြင် လိုက်ဖက် ညီလှတဲ့ စုံတွဲလေးတစ်တွဲ လို့လည်း ဆိုနိုင်ပါတယ်။

ပရိသတ် တွေ ချစ်ခင် သဘောကျရတဲ့ အနုပညာရှင်စုံတွဲ တွေထဲက သူတို့စုံတွဲလေး တစ်တွဲအပါအဝင် ဖြစ်ပြီး နားလည်မှုရှိရှိ နဲ့ လက်တွဲခဲ့ကြတာပါ။ ရဲရင့်အောင်ကတော့ ဘယ် သွားသွား ဘာလုပ်လုပ် အချိန်တိုင်း အသိပေးပြီး အရမ်းဂရုစိုက်တဲ့ ချစ်သူ ဖြစ်တဲ့အပြင် ပိုင်ဆိုင် ထားပြီး မွေးနေ့ နဲ့ နေ့ထူး နေ့ရက် လေးတွေရောက်တိုင်း နှစ်ယောက် အတူတူ အချိန်ကုန်လေ့ ရှိကြပါသေးတယ် ။

ဒီနေ့ ကျရောက်တဲ့ ဇန်နဝါရီလ၂၂ ရက်နေ့ကတော့ သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်း ၄နှစ်ပြည့်ခဲ့တာဖြစ်ပြီး ရဲရင့်အောင် က တော့မမေ့မလျှော့နဲ့”Happy Anniversary ပါ ကလေးငယ် ❤️” ဆိုတဲ့ စာလေးနဲ့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ မမေ့မလျော့နဲ့ အားကျစရာ ပုံရိပ်လေးတွေ တင်လာခဲ့တာပါ။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source :YairYintAung