



UNICODE

အနုပညာ လောကမှာ ဆယ်စုနှစ် ကျော်တိုင်အောင် ဗီဒီယို ဇာတ်ကားများတွင် ကျရာ နေရာကနေ ပါဝင် သရုပ်ဆောင်ခဲ့သူကတော့ မင်းသား ကျော်ကျော်ပိုင်မှူးပဲ ဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင် နိုင်းနိုင်း ရိုက်ကူးတဲ့ ဇာတ်ကားတိုင်း လိုလိုမှာ အမြဲပါဝင်ခဲ့ သူဖြစ်ပြီး ပရိသတ်တွေ ရင်းနှီးပြီးသား ဖြစ်မှာပါ။ လက်ရှိမှာတော့ အနုပညာ လှုပ်ရှားမှုတွေ သိပ်မရှိတော့ဘဲ ဝါသနာ ပါရာအလုပ်တွေကို လုပ်ကိုင်ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။

ကျော်ကျော်ပိုင်မှူး ဟာ ချစ်ရတဲ့ ချစ်သူ အဆိုတော် မလေး လိမ္မော်သီး နဲ့အတူ သာယာကြည်နူးစရာ ကောင်းတဲ့ အချစ်ရေး လေးကို ပိုင်ဆိုင် ထားတာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ နှစ် အတော်ကြာအောင် ရန် ဖြစ်လိုက် ပြန်ချစ်လိုက် နဲ့ပဲ ပျော်ရွှင် ကြည်နူးစရာကောင်း လွန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့အတွဲလေး ရဲ့ လှုပ်ရှားမှုလေးတွေကို အမြဲစောင့်ကြည့် အားပေးနေကြတာပဲ ဖြစ်ပါတယ်။

မကြာသေးခင် နာရီ ပိုင်းလောက်ကလည်း ကျော်ကျော်ပိုင်မှူး ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ချမ်းအေးလွန်း တဲ့ ဆောင်းညလေး မှာ ချစ်သူလေး နဲ့အတူဝတ်စုံပြည့် ဝတ်ဆင်ကာဆိုင်ကယ်စီးဖို့ အတွက်ရင်ခုန်နေတဲ့ ကျော်ကျော်ပိုင်မှူး ရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ စိတ်တူ ကိုယ်တူရှိတဲ့ ချစ်သူလေး ကိုပိုင်ဆိုင်ထားတာကလည်း ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးပါပဲနော်။ ပရိသတ်တွေလည်း ကြည့်လို့ ရအောင် ကျော်ကျော်ပိုင်မှူး တို့ချစ်သူ နှစ်ဦးရဲ့ ပုံရိပ်လေး တွေကို တစ်ဆင့် ပြန် လည် ကူးယူ တင်ဆက် ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Kyaw Kyaw Paing Hmue’s Facebook Account