crd-myanmarload
unicode
ချစ်သူလေးနဲ့ Relationship ချိတ်ပြီးကာ မှ အကောင့် ကို တောက်လျှောက် Hack ခံနေရတဲ့ ေမေမီကို MRTV 4 ရဲ့ ဒိတ်ဒိတ်ကြဲ မင်းသမီးတစ်ဦး ဖြစ်တဲ့ မေမီကိုကို ကတော့ မကြာသေးတဲ့ အချိန်ရက်ပိုင်း လောက်ကမှ သူမ ရဲ့ ချစ်သူကို အလင်းပြလိုက် တာပါ။မေမီက ဇာတ်လမ်းတွဲ အတော်များများမှာ ခေါင်းဆောင်မင်းသမီး နေရာကနေ ရိုက်ကူးလေ့ ရှိတာဖြစ်ပြီး သရုပ်ဆောင် ကောင်းမွန်ပီပြင် တာကြောင့် ပရိသတ်အချစ် ကိုလည်း များစွာရရှိထားတာ ကို တွေ့ရပါတယ်။
မေမီက ဖြူစင်တဲ့ စိတ်ထား ယဉ်ကျေးတဲ့ အပြုအမူ နဲ့ ချိုသာတဲ့ အပြောအဆိုလေး တွေကြောင့် ပရိသတ်တွေ သာမကပဲ အနုပညာရှင် အချင်းချင်း ကပါ အားကျအချစ်ပိုနေရတာပါ။မေမီက သူမရဲ့ အနုပညာ လှုပ်ရှားမှုလေး တွေနဲ့ ဘဝ ဖြတ်သန်း မှု ပုံရိပ်လေးတွေ ကိုလည်း လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာ ထက်မှာ ဝေမျှပေးလေ့ ရှိတာဖြစ်ပြီး ယနေ့ မှာတော့ သူမ အတွက် စိတ်အနှောက် အယှက် ဖြစ်စရာအကြောင်း အရာလေး ကို ဝေမျှလာခဲ့ပါတယ်။
ဒါကတော့ ချစ်သူလေးနဲ့ Relationship ကို ပရိသတ်ရှေ့ချ ပြလိုက်ကာ မှ Account Hack ခံရတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ မေမီက ” အကောင့်ကိုတောက်လျှောက် hack နေတာတော့ များသွားပြီ ” ဆိုတဲ့ စာသားလေးကို ရေးသားလာခဲ့တာပါ။မီ အတွက် စိတ်အနှောက် ဖြစ်စရာ ကိစ္စ တစ်ရပ် ဖြစ်တာကြောင့် ပရိသတ်တွေလည်း Comments မှာ တစ်ခုခု ရေးသားပေးခဲ့ ပါအုန်းနော်……။
crd-myanmarload