



UNICODE

မိတ်ကပ်ဖန်တီးရှင် မေဦးနဲ့ ဟန်လင်း တို့ စုံတွဲဟာ လူချစ်လူခင် ပေါများတဲ့ လိင်တူစုံ တွဲတစ်တွဲပါ။ နှစ်ယောက်သား ဟာ အပြန်အလှန် ချစ်ခင် စုံမက်ကြပြီး အရမ်းလိုက်ဖက် လွန်းတာကြောင့် ပရိသတ်ဝန်းရံခံ ရတဲ့ စုံတွဲ တစ်တွဲလည်းဖြစ်ပါတယ်။ နှစ်ယောက်သား ဟာလည်း ချစ်သူသက်တမ်း အတော် ကြာပြီ ဖြစ်ပြီး သံယောဇဉ်တွေ အချစ် တွေနဲ့ ခိုင်ခိုင် မာမာ တည်ဆောက် ထားတဲ့ Relationship လေးတစ်ခုကို အတူတူလက် တွဲပြီး ဆက်လက်ပျိုးထောင် နေတာပဲဖြစ်ပါတယ်။

လိင်တူစုံတွဲ တစ်တွဲဖြစ်တဲ့ မေဦးနဲ့ ဟန်လင်း စုံတွဲ လေးဟာ လူမှုကွန်ရက် မှာ ချစ်ခင် အားပေးတဲ့ ပရိသတ်များစွာ ရှိနေတာကြောင့် သူတို့ နှစ်ဦးရဲ့ ဓာတ်ပုံလေးတွေကိုဆို အမြဲ မပြတ်စောင့် ကြည့်နေတဲ့ စိတ်ဝင် စားနေသူတွေလည်း ရှိပါတယ်။ Romantic ဆန်ကြတဲ့ သူတို့ ချစ်သူနှစ်ယောက် က မကြာ သေးတဲ့ နာရီပိုင်းအချိန် လောက်ကမှ လူမှုကွန်ယက် ထက်မှာ ပိုစ့် တစ်ခုတင်ပေးလာခဲ့တာပါ။

ဒါက​တော့ “ပါ ရ မီ ဖြည့် ဖက် ” ဆိုတဲ့ စာသားလေး နဲ့အတူ ဟန်လင်းကို မေဦး ကိုယ်တိုင် မိတ်ကပ် ပြင်ပေးနေတဲ့ ကြည်နူးစရာပုံရိပ် လေးတွေကို ဝေမျှလာခဲ့တာပါ။ လူငယ်ပရိသတ်တွေ အားကျအချစ်ပို ရလောက်အောင် Ro ဆန်နေကြတဲ့ ဟန်လင်းနဲ့ မေဦးတို့ နှစ်ယောက် ရဲ့ ပုံရိပ်လေး တွေကို Myanmarload မှ ပြန်လည် တင်ဆက်ပေး လိုက်ပါတယ် ။ ကဲ….ပရိသတ်တွေကလည်း ပုံလေးတွေကို ကြည့်ပြီး အသည်းလေး တွေပေးခဲ့ဖို့ မမေ့လိုက် ပါနဲ့နော်…….။

သတင်းအရင်းမြစ်: Source – Han Lin’s Facebook Account