ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလး ထက္မွာ ပါးခ်ိဳင့္ လွလွေလး ေတြကို ပိုင္ဆိုင္ထားတဲ့ မင္းသမီး ေခ်ာ ေအးျမတ္သူကေတာ့ ဆယ္စုႏွစ္ တစ္ခုတိုင္ ေအာင္ျမင္မႈေတြမ်ားစြာ ရရွိခဲ့သူ တစ္ေယာက္ ျဖစ္ပါတယ္။ ေအးျမတ္သူ ကေတာ့ အခုဆိုရင္ အသက္ (၃၅) ႏွစ္အရြယ္ေရာက္ ရွိေနၿပီျဖစ္ၿပီး သူမရဲ့ အခ်စ္ေရးနဲ႔ ပက္သတ္ၿပီး ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္း ခ်ျပထားသလို မၾကာခင္ ႏွစ္ပိုင္းအတြင္း မွာပဲ လက္ထပ္ေတာ့ မယ္လို႔ အတိအလင္းေျပာ ၿပီးၿပီပဲ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ေအးျမတ္သူ က အိမ္ေထာင္ မျပဳေသးတဲ့ အပ်ိဳႀကီးအျဖစ္ မိဘႏွစ္ပါး အနားမွာ ကေလးေလး တစ္ေယာက္လို အခၽြဲ ပိုေနဆဲ ျဖစ္ပါတယ္။

ဒီကေန႔မွာလည္း ေအးျမတ္သူက မင္းသမီး ျဖစ္တဲ့ သူမထက္ေတာင္ ပိုလွ ေနတဲ့ ခ်စ္ေမေမ ရဲ့အေၾကာင္းကို “❤❤❤2021 ခ်စ္ၾကည္​ေရး အစ❤❤ ခ်စ္တယ္ …တည့္လား မ​ေမး​​ေၾကး…..😄😄😄😄😄 အဲ့မွာ အျမဲ လွ​ေနလိုက္ ​ေမႀကီး.. သမီးမင္း သမီးထက္ ပိုလွ​ေနလိုက္ ❤❤❤❤❤ စကား မစပ္ SHAYI က ဝတ္စုံ​ေလး​ ေတြနဲ႔ အ​ေမ အလွမွာ သမီး က်န္ခဲ့ၿပီ….. ဟုတ္ ….❤❤❤❤” ဆိုၿပီး သူမေမေမရဲ့ ရင္သက္ရႈေမာ စရာ အလွကို အမႊန္းတင္ လာ ခဲ့ပါတယ္။

ေအးျမတ္သူ ေျပာသလိုပဲ ေအးျမတ္သူရဲ့ ေမေမ က မင္းသမီးျဖစ္တဲ့ သမီးထက္ ပိုၿပီးလွ ေနတာေၾကာင့္ ေအးျမတ္သူ ခမ်ာ လူၾကားထဲမွာ ေမွးမွိန္ သလိုလိုေတာင္ ျဖစ္သြားရ တယ္ေနာ္။ ပရိသတ္ႀကီး လည္း ခ်စ္စရာေကာင္းတဲ့ ေအးျမတ္သူတို႔ သားအမိ ႏွစ္ေယာက္ရဲ့ ၾကည္ႏူး စရာပုံရိပ္ေလးေတြ ၾကည့္ရႈရလို႔ ေက်နပ္ ၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပး ၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာ ေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ နိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Source: Aye Myat Thu’s fb
Credit– Cele Connections

unicode

ချစ်စရာကောင်းတဲ့ မျက်နှာလေး ထက်မှာ ပါးချိုင့် လှလှလေး တွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီး ချော အေးမြတ်သူကတော့ ဆယ်စုနှစ် တစ်ခုတိုင် အောင်မြင်မှုတွေများစွာ ရရှိခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ အေးမြတ်သူ ကတော့ အခုဆိုရင် အသက် (၃၅) နှစ်အရွယ်ရောက် ရှိနေပြီဖြစ်ပြီး သူမရဲ့ အချစ်ရေးနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြထားသလို မကြာခင် နှစ်ပိုင်းအတွင်း မှာပဲ လက်ထပ်တော့ မယ်လို့ အတိအလင်းပြော ပြီးပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အေးမြတ်သူ က အိမ်ထောင် မပြုသေးတဲ့ အပျိုကြီးအဖြစ် မိဘနှစ်ပါး အနားမှာ ကလေးလေး တစ်ယောက်လို အချွဲ ပိုနေဆဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း အေးမြတ်သူက မင်းသမီး ဖြစ်တဲ့ သူမထက်တောင် ပိုလှ နေတဲ့ ချစ်မေမေ ရဲ့အကြောင်းကို “❤❤❤2021 ချစ်ကြည်​ရေး အစ❤❤ ချစ်တယ် …တည့်လား မ​မေး​​ကြေး…..😄😄😄😄😄 အဲ့မှာ အမြဲ လှ​နေလိုက် ​မေကြီး.. သမီးမင်း သမီးထက် ပိုလှ​နေလိုက် ❤❤❤❤❤ စကား မစပ် SHAYI က ဝတ်စုံ​လေး​ တွေနဲ့ အ​မေ အလှမှာ သမီး ကျန်ခဲ့ပြီ….. ဟုတ် ….❤❤❤❤” ဆိုပြီး သူမမေမေရဲ့ ရင်သက်ရှုမော စရာ အလှကို အမွှန်းတင် လာ ခဲ့ပါတယ်။

အေးမြတ်သူ ပြောသလိုပဲ အေးမြတ်သူရဲ့ မေမေ က မင်းသမီးဖြစ်တဲ့ သမီးထက် ပိုပြီးလှ နေတာကြောင့် အေးမြတ်သူ ခမျာ လူကြားထဲမှာ မှေးမှိန် သလိုလိုတောင် ဖြစ်သွားရ တယ်နော်။ ပရိသတ်ကြီး လည်း ချစ်စရာကောင်းတဲ့ အေးမြတ်သူတို့ သားအမိ နှစ်ယောက်ရဲ့ ကြည်နူး စရာပုံရိပ်လေးတွေ ကြည့်ရှုရလို့ ကျေနပ် ကြမယ် ထင်ပါတယ်။ ဖတ်ရှုပေး ကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Aye Myat Thu’s fb
Credit– Cele Connections