


Cele Secrets

ချစ်မေမေ အတွက် ထပ်မံပေးမယ့် မွေးနေ့လက်ဆောင် တစ်ထပ်တိုက် အိမ်လေးကို သေချာ ပြင်ဆင်နေတဲ့ နေဒွေး

သရုပ်ဆောင် နေဒွေး ကတော့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ရင်း အမြို့မြို့ အနယ်နယ်က ပရိသတ်တွေရဲ့ အားပေး မှုကို အခိုင်အမာရရှိခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ သရုပ်ဆောင် တစ်ယောက်လည်းဖြစ်သလို လူငယ် တစ်ယောက်လည်းဖြစ်တဲ့ နေဒွေးက သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကိုလည်း ဦးဆောင် လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ အသက်ငယ်ပေမယ့် အရည်အချင်းရှိတဲ့ နေဒွေးကတော့ အိမ်ထောင်မပြုရသေးခင်အချိန်မှာပဲ ကိုယ့်စီးပွားရေးအလုပ်တွေနဲ့ တည်တည်ငြိမ်ငြိမ်ရှိနေတဲ့သူတစ်ယောက်လို့ဆိုရင်လည်း မမှားနိုင်ပါဘူး။

အိမ်ထောင် မရှိသေးတဲ့ လူပျိုလူလွတ်ပီပီ ရှာဖွေသမျှကို မိခင် အတွက်သာ အသုံးပြုတတ်တဲ့ နေဒွေးက မကြာခင် ဇန်နဝါရီလ အတွင်းမှာ ကျရောက်မယ့် မေမေ့ရဲ့မွေးနေ့အတွက် အမှတ်တရ မွေးနေ့လက်ဆောင်တွေပေးဖို့ အလုပ်တွေကြိုးစားနေတာပဲ ဖြစ်ပါတယ်။ နေဒွေးက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သူ့ရဲ့မိခင်အတွက် သိန်းလေးရာကျော်တန်ဖိုးရှိတဲ့ ကားအသစ်ကြီးကို မွေးနေ့အကြို လက်ဆောင်ပေး ခဲ့သလို မြောက်ဒဂုံမြို့နယ်မှာလည်း တစ်ထပ်တိုက် အိမ်လေးဆောက်ပြီး မေမေ့အတွက် မွေးနေ့လက်ဆောင်ပေးဖို့ အစွမ်းကုန်ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

နေဒွေးကတော့ လူပျိုလူလွတ် ဘဝမှာတင် မေမေ့အတွက် တိုက်တစ်လုံး၊ ကားတစ်စီးနဲ့ ကျေးဇူးဆပ် နေသလို မိခင်ကြီး စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ဖို့ အလုပ်တွေ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ မိဘကို သိတတ်တဲ့ နေဒွေး တစ်ယောက် ဒီထက်မက အောင်မြင် တိုးတက်ကြီးပွားမှာ အသေအချာ ပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections
Cele Secrets