ပရိတ္သတ္ႀကီးေရ…..အိစိေကြး ကေတာ့ ကေလးသ႐ုပ္ေဆာင္ ဘဝကေန အႏုပညာ ေလာကမွာ ပရိသတ္ေတြရဲ့ အားေပးခ်စ္ခင္မႈကို ရရွိထားတာပဲ ျဖစ္ပါတယ္။ သူ ပါဝင္ရိုက္ကူးတဲ့ ဇာတ္ကား တိုင္းမွာလည္း ကာရိုက္တာ မ်ိဳးစုံကို အပိုလိုမရွိေအာင္ သ႐ုပ္ေဆာင္ နိုင္သူဆိုလည္းမမွားပါဘူးေနာ္။ဒါ့အျပင္ အဆိုဘက္တြင္ ပါရမီရွိသူ တစ္ေယာက္ျဖစ္ၿပီး သူ သီဆိုတဲ့ သီခ်င္းေတြကိုလည္း ပရိသတ္ေတြ ထံ ေဝမၽွေပးေနတာ ျဖစ္ပါတယ္။

မၾကာေသးခင္ ရက္ပိုင္း ေလာက္ကလည္း စားဝတ္ေနေရးအခက္အခဲေတြနဲ႔ ၾကဳံေတြ႕ေနရတဲ့ နယ္ၿမိဳ႕က ျပည္သူတစ္ခ်ိဳ႕ထံ စားနပ္ရိကၡာမ်ား သြားေရာက္လႉဒါန္းေပးခဲ့တာ ျဖစ္ပါတယ္။ ျမန္မာနိုင္ငံ တြင္လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေန တြအား Speak Out မလုပ္ခဲ့တာေၾကာင့္ ေအာင္လအန္ဆန္အားပရိသတ္တစ္ခ်ိဳ႕က ေဝဖန္ေနၾကတာပါ။ဒီမနက္ ပိုင္းတြင္ က်င္းပခဲ့တဲ့ Light Heavyweight ခ်န္ပီယံကာကြယ္ပြဲတြင္ေအာင္လအန္ဆန္တစ္ေယာက္ ရႈံနိမ့္ခဲ့တာေၾကာင့္ အျပစ္တင္ေနၾကတာနဲ႔ ပတ္သက္ၿပီး မၾကာေသးခင္ နာရီပိုင္းေလာက္က အိစိေကြးရဲ့ လူမႈကြန္ ယက္စာမ်က္ႏွာတြင္ သူ႔ရဲ့ထင္ျမင္ယူဆခ်က္ေတြကို ေရးသားေျပာျပလာခဲ့တာျဖစ္ပါတယ္။

ေအာင္လဟာဆိုရင္ Speak out မလုပ္လို႔ ဒီလို အခ်ိန္မွာ နိင္ငံကိုယ္စားျပဳၿပီးၿပိဳင္ လို႔တို႔ ရႈံးလို႔တို႔ ဆိုၿပီး ဆဲၾကတယ္။သူ speak out လုပ္ေပးတာပဲတကယ္ဆို တိုင္းရင္းသားေတြက ကိုယ္ေတြ ထက္ေစာၿပီး ရာစုႏွစ္စာ ဒီဒဏ္ေတြကို ခံစားခဲ့ရတာ ပါ။ သူတို႔ဆို မိန္းကေလး ကအစ ေတာထဲဝင္ လက္နက္ကိုင္ခဲ့ၾကတာ အရင္ကဆို တိုင္းရင္းသားတစ္ခ်ိဳ႕ က ဗမာေတြကို အတူတူ ထင္ၿပီး မုန္းခဲ့ၾကတယ္။ေနာက္ပိုင္းမွ ပြင့္လင္းျမင္သာတဲ့ ေခတ္ေရာက္မွ ဒီအမုန္းတရားေတြ ေပ်ာက္သြားခဲ့ၾကတာ ဒါေတာင္ ယုံၾကည္မႈေတြ ျပန္တည္ေဆာက္ရဦးမယ္။

အခုခ်ိန္မွာ စည္းစည္းလုံးလုံးနဲ႔ ယုံၾကည္မႈ တည္ေဆာက္ရမယ့္အခ်ိန္ ဗ် တိုင္းရင္းသားေတြ ရဲ့ အကူအညီေတြ အမ်ားႀကီးလိုတယ္။အခ်င္းခ်င္းေတြ မဆဲၾကရေအာင္ဗ်ာအကုန္လုံးက ဒီေျမမွာ ေမြး ဒီေရကိုပဲ ေသာက္ၾကရတာ ေသြးခ်င္းညီအစ္ကို ေတြပါပဲ။မင္းဆရာႀကီးလား ေမးရင္ ကၽြန္ေတာ္ အိစိေကြး ဆရာႀကီး မဟုတ္ဘူး အခုကာလမွာ ကိုယ္တိုင္ တိုင္းရင္းသား ေတြရဲ့ ရင္ထဲက စကားကို ၾကားခဲ့ရ လို႔ပါ Brazil မွာ Democracy မရခင္ကေဘာလုံးသမား Pele လည္း ကိုယ္စားျပဳကစားၿပီး နိင္ငံတကာရဲ့ attention ကို ရယူၿပီး Brazil ျပည္သူေတြ အတြက္ အားတစ္ခု ျဖစ္ခဲ့တယ္။

အဲ့ေတာ့ ေအာင္လလည္း သူ တတ္နိင္သေလာက္ လုပ္ေပးေနတာလို႔ ျမင္ေပး ရေအာင္ဗ်ာဘာပဲျဖစ္ျဖစ္ဗ်ာ လိုခ်င္တဲ့ Goal ကတစ္ခုတည္းပဲအခ်င္းခ်င္းစည္းလုံးရေအာင္ဗ်ာ ” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။ ဒီအခ်ိန္ဟာ အားလုံး အတြက္ အေရးႀကီးတဲ့ အခ်ိန္ျဖစ္တာေၾကာင့္ အားလုံးစည္းလုံး ညီညြတ္မွသာ လိုခ်င္တဲ့ ပန္းတိုင္ကို အျမန္ဆုံး ေရာက္ရွိလာမွာ ျဖစ္ပါတယ္။ အေရးေတာ္ပုံႀကီး ေအာင္ျမင္ သြားတဲ့အခါ တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမေတြအတြက္လိုအပ္တဲ့အရာမ်ားကို ကူညီျဖည့္ ဆည္းေပးသြားၾကဖို႔လည္း လိုအပ္ပါတယ္ေနာ္။ဖတ္ရႈေပးၾကတဲ့ ပရိတ္သတ္ေတြ အားလုံး ကိုအထူပင္ေက်းဇူးတင္ရွိပါတယ္ေနာ္..။

Credit

unicode

ပရိတ်သတ်ကြီးရေ…..အိစိကွေး ကတော့ ကလေးသရုပ်ဆောင် ဘဝကနေ အနုပညာ လောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတာပဲ ဖြစ်ပါတယ်။ သူ ပါဝင်ရိုက်ကူးတဲ့ ဇာတ်ကား တိုင်းမှာလည်း ကာရိုက်တာ မျိုးစုံကို အပိုလိုမရှိအောင် သရုပ်ဆောင် နိုင်သူဆိုလည်းမမှားပါဘူးနော်။ဒါ့အပြင် အဆိုဘက်တွင် ပါရမီရှိသူ တစ်ယောက်ဖြစ်ပြီး သူ သီဆိုတဲ့ သီချင်းတွေကိုလည်း ပရိသတ်တွေ ထံ ဝေမျှပေးနေတာ ဖြစ်ပါတယ်။

မကြာသေးခင် ရက်ပိုင်း လောက်ကလည်း စားဝတ်နေရေးအခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ နယ်မြို့က ပြည်သူတစ်ချို့ထံ စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တွင်လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ တွအား Speak Out မလုပ်ခဲ့တာကြောင့် အောင်လအန်ဆန်အားပရိသတ်တစ်ချို့က ဝေဖန်နေကြတာပါ။ဒီမနက် ပိုင်းတွင် ကျင်းပခဲ့တဲ့ Light Heavyweight ချန်ပီယံကာကွယ်ပွဲတွင်အောင်လအန်ဆန်တစ်ယောက် ရှုံနိမ့်ခဲ့တာကြောင့် အပြစ်တင်နေကြတာနဲ့ ပတ်သက်ပြီး မကြာသေးခင် နာရီပိုင်းလောက်က အိစိကွေးရဲ့ လူမှုကွန် ယက်စာမျက်နှာတွင် သူ့ရဲ့ထင်မြင်ယူဆချက်တွေကို ရေးသားပြောပြလာခဲ့တာဖြစ်ပါတယ်။

အောင်လဟာဆိုရင် Speak out မလုပ်လို့ ဒီလို အချိန်မှာ နိင်ငံကိုယ်စားပြုပြီးပြိုင် လို့တို့ ရှုံးလို့တို့ ဆိုပြီး ဆဲကြတယ်။သူ speak out လုပ်ပေးတာပဲတကယ်ဆို တိုင်းရင်းသားတွေက ကိုယ်တွေ ထက်စောပြီး ရာစုနှစ်စာ ဒီဒဏ်တွေကို ခံစားခဲ့ရတာ ပါ။ သူတို့ဆို မိန်းကလေး ကအစ တောထဲဝင် လက်နက်ကိုင်ခဲ့ကြတာ အရင်ကဆို တိုင်းရင်းသားတစ်ချို့ က ဗမာတွေကို အတူတူ ထင်ပြီး မုန်းခဲ့ကြတယ်။နောက်ပိုင်းမှ ပွင့်လင်းမြင်သာတဲ့ ခေတ်ရောက်မှ ဒီအမုန်းတရားတွေ ပျောက်သွားခဲ့ကြတာ ဒါတောင် ယုံကြည်မှုတွေ ပြန်တည်ဆောက်ရဦးမယ်။

အခုချိန်မှာ စည်းစည်းလုံးလုံးနဲ့ ယုံကြည်မှု တည်ဆောက်ရမယ့်အချိန် ဗျ တိုင်းရင်းသားတွေ ရဲ့ အကူအညီတွေ အများကြီးလိုတယ်။အချင်းချင်းတွေ မဆဲကြရအောင်ဗျာအကုန်လုံးက ဒီမြေမှာ မွေး ဒီရေကိုပဲ သောက်ကြရတာ သွေးချင်းညီအစ်ကို တွေပါပဲ။မင်းဆရာကြီးလား မေးရင် ကျွန်တော် အိစိကွေး ဆရာကြီး မဟုတ်ဘူး အခုကာလမှာ ကိုယ်တိုင် တိုင်းရင်းသား တွေရဲ့ ရင်ထဲက စကားကို ကြားခဲ့ရ လို့ပါ Brazil မှာ Democracy မရခင်ကဘောလုံးသမား Pele လည်း ကိုယ်စားပြုကစားပြီး နိင်ငံတကာရဲ့ attention ကို ရယူပြီး Brazil ပြည်သူတွေ အတွက် အားတစ်ခု ဖြစ်ခဲ့တယ်။

အဲ့တော့ အောင်လလည်း သူ တတ်နိင်သလောက် လုပ်ပေးနေတာလို့ မြင်ပေး ရအောင်ဗျာဘာပဲဖြစ်ဖြစ်ဗျာ လိုချင်တဲ့ Goal ကတစ်ခုတည်းပဲအချင်းချင်းစည်းလုံးရအောင်ဗျာ ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဒီအချိန်ဟာ အားလုံး အတွက် အရေးကြီးတဲ့ အချိန်ဖြစ်တာကြောင့် အားလုံးစည်းလုံး ညီညွတ်မှသာ လိုချင်တဲ့ ပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အရေးတော်ပုံကြီး အောင်မြင် သွားတဲ့အခါ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအတွက်လိုအပ်တဲ့အရာများကို ကူညီဖြည့် ဆည်းပေးသွားကြဖို့လည်း လိုအပ်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိတ်သတ်တွေ အားလုံး ကိုအထူပင်ကျေးဇူးတင်ရှိပါတယ်နော်..။

Credit