


Chilli – CeleZone
Source – ChanMyae MgCho

unicode

ပရိသတ်ကြီးရေ ဒီနေ့ ဇန်နဝါရီလ (၁၀)ရက်နေ့မှာတော့ ပရိသတ်တွေ ရဲ့အချစ်တော် အဆိုတော် ချမ်းမြေ့မောင်ချို ရဲ့ သီချင်းအသစ်လေး ထွက်ရှိလာပါပြီ။ ချမ်းမြေ့မောင်ချိုလေးက သီချင်းအသစ်လေးထွက်ရှိလာမယ့်အကြောင်းအသိပေးခဲ့ကတည်းက ပရိသတ်တွေက မျှော်လင့်တကြီးနဲ့ စောင့်မျှော်နေခဲ့ကြတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။

သီချင်းလေးရဲ့ နာမည်ကတော့ “Moment” လို့ နာမည်ပေးထား ပြီး အသဲကွဲသီချင်းလေး တစ်ပုဒ်ပဲဖြစ်ပါတယ်။ အသဲကွဲဓာတ်ခံရှိတဲ့ ပရိသတ်တွေအတွက်တော့ ခံစားချက်တွေပွင့်ထွက်လာစေမှာတော့ အမှန်ပါပဲ။ ပရိသတ်ကြီး တွေရော မောင်ချိုလေးနဲ့ Team (143) တို့ရဲ့ ဒီနေ့မှာ လောလော လတ်လတ်ထွက်ရှိလာတဲ့ သီချင်းဘေးကို နားဆင်ပြီးကြပြီလား။

နားမဆင်ရတဲ့ ပရိသတ်တွေလည်း နားဆင် လို့ရအောင် CeleZone ကနေ ပြန်လည်မျှဝေဖော်ပြပေး လိုက်ပါတယ်နော်။ CeleZone ပရိသတ်ကြီးတွေရော မောင်ချိုနဲ့ Team (143)တို့ရဲ့သီချင်းသစ်လေးက ပရိသတ် အကြိုက် နဲ့ ထပ်တူကျရဲ့လည်း နားဆင်ပြီးရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ကြပါဦးနော်။

Chilli – CeleZone
Source – ChanMyae MgCho