ပရိသတ်ကြီးရေ ချယ်ရီသင်းကတော့ ထွက် သမျှသီချင်းတိုင်း ကို ပရိသတ်တွေပါးစပ်ဖျားမှာ စွဲနေအောင် သီဆိုနိုင်သူတစ်ဦးပါနော်…။ တကယ့်ကို အသံပါဝါကောင်းတဲ့အမျိုးသမီး အဆိုရှင် တစ်ယောက်ဆိုတာ သူမရဲ့ သီချင်းတွေကို နားထောင်ပြီးသိနိုင်ပါတယ်နော်…။ဒါ့အပြင် အခု နောက်ပိုင်းမှာတော့အမိုက်စား photoshoot လေးတွေရိုက်ကူးလျက်ရှိတဲ့ အပြင်သီချင်းသစ်လေးတွေလည်း ထွက်ရှိလျက်ရှိနေတာပါ…။

လက်ရှိမှာလည်းသူမရဲ့ထားခဲ့သီချင်းအသစ်လေးကို ပြည်သူချစ်မင်းသားချော ပိုင်တံခွန်နဲ့အတူ MTV တစ်ပုဒ်ထွက်ရှိထားပြီး အားပေးမှုရရှိနေတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ ချယ်ရီသင်းက ပိုင်တံခွန်နဲ့ အတူတွဲဖက်သရုပ်ဆောင်ရတဲ့အပေါ် ပိုင်တံခွန်ရဲ့ နွေးထွေးမှုတွေ၊လက်တွဲခေါ်မှုတွေ ထင်မှတ်မထားလောက်တဲ့အရည်အချင်းတွေကိုအင်တာဗျူးတစ်ခုမှာပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်..။

ချယ်ရီသင်းက”ပိုင်တံခွန်က ကိုယ်ကြိုက်တဲ့ မင်းသားထဲမှာပါတဲ့အတွက် “ထားခဲ့” MV ကိုပိုင်နဲ့ ရိုက်ဖြစ်တာပါ။ ပိုင်က အရမ်းနွေးထွေးတယ်။ ထိပ်တန်းမင်းသားတစ်ယောက်အနေနဲ့ ချယ့်ကိုမရှိန်အောင်ထားတယ်။ ပိုင်တံခွန်ဆိုတာ အလကား ဖြစ်လာတာမဟုတ်ပါဘူး။ သူ တကယ်တော်ပါတယ်၊ချယ်ကြောင့် ပိုင်တံခွန်ကို မုန်းမသွားစေချင်ဘူး”ဆိုပြီး ပြောလာတာလည်းဖြစ်ပါတယ်။ချယ်ရီသင်းရဲ့အင်တာဗျူး ဗီဒီယိုအပြည့်အစုံ ကြည့်ရှုပေးပါအုံးနော်…။

Video Credit ; Media Queen

zawyi



