



unicode

နားထဲမှာစွဲနေစေတဲ့အသံချိုချိုလေး ကို ပိုင်ဆိုင်ထားတဲ့ တေးသံရှင်ချမ်းချမ် းကတော့ လက်ရှိ အချိန်ထိ သီချင်းပေါင်းများစွာ ထွက်ရှိထားပြီး အနုပညာလောကမှာ အောင်မြင်မှု တွေနဲ့ ရပ်တည် နေတာဖြစ်ပါတယ်။ချမ်းချမ်းက လက်ရှိ အချိန်မှာလည်း အနုပညာ အလုပ်တွေကို ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်နေပြီး သီချင်းအသစ်တွေအတွက်လည်း ပြင်ဆင်နေတာ ဖြစ်ပါတယ်နော်။ချမ်းချမ်းက (၆)နှစ်ကျော်အရွယ် သမီးလေးတစ်ယောက် ရှိတဲ့အပြင် ဒုတိယရင်သွေးကိုလည်း လွယ်ထားရတာဖြစ်ပါတယ်။

ချမ်းချမ်းရဲ့ဒုတိယ ရင်သွေးလေးက မိန်းကလေး ပဲဖြစ်လို့ မကြာတော့မယ့် အချိန်မှာ သမီးနှစ်ယောက် ရဲ့မိခင်ဖြစ်တော့ မှာဖြစ်ပါတယ်။ချမ်းချမ်းကို ‌ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေ နဲ့ မိတ်ဆွေ၊ သူငယ်ချင်း တွေကတော့ သူမစိတ်ချမ်း သာနေတာကိုကြည့်ပြီး ထပ်တူ ပျော်ရွှင်နေကြလို့ အမြဲဝန်း ရံ‌နေကြတာဖြစ်ပါတယ်။ချမ်းချမ်း ကလည်း ဒုတိယရင်သွေး လွယ်ထားချိန်မှ အရင်က ထက်ပိုလှလာပြီး ကြည်လ င်ဝင်းပတဲ့အသားအရေ လေးနဲ့အရမ်းချစ်ဖို့ကောင်း နေတာဖြစ်ပါတယ်နော်။

ချမ်းချမ် အခုဆိုရင်တော့ သူမရဲ့ သမီးကြီးလေးနဲ့အတူ အနုပညာ အလုပ်တွေတွဲလုပ်ပြီး ပျော်ပျော်ရွှင်ရွှင် နဲ့ နေ့ရက်တွေကို ဖြတ်သန်း နေတာဖြစ်ပါတယ်နော်။ချမ်းချမ်;ရဲ့သမီးလေး မြမိုးဂင်္ဂါ လေးကလည်း အနုပညာဗီဇ လေးပါလာလို့ ကင်မရာ ကိုမကြောက်ဘဲ အမူအရာ တွေကောင်းကောင်းလုပ်ပြတတ်နေတာဖြစ်ပါတယ်။ချမ်းချမ်းနဲ့မြမိုးဂင်္ဂါလေးတို့ သားအမိနှစ်ယောက် ကတော့ တက်ညီလက်ညီနဲ့ပိုက်ဆံရှာကြပြီး ချစ်စရာကောင် းနေတဲ့သူမတို့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source&Photo Credit:Chan Chan’s Facebook page